ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အမှတ်(၁၀) ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးနဲ့(၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အပေါင်း အပါတွေစုဝေးရာ နေရာ (၂) ခုတွင် ဒီကနေ့ ည (၇:၀၀) ဝန်းကျင် အချိန်ခန့်တွင်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
" ပေါက်တာက နှစ်နေရာ မိနစ်ပိုင်းတော့ ခြားတယ် နှစ်နေရာလုံးမှာ ထိခိုက်မှုရှိတယ်လို့ကြားတယ် ရုံးဘက်ခြမ်းမှာပေါက်တာက ရာအိမ်မှူးတစ်ဦး ထိတယ် နောက်တစ်နေရာ ဓမ္မာရုံနားမှာက (၃)ဦးထိတယ်ဗျ ဒဏ်ရာရတဲ့ပုံစံမျိုးပေါ့ သေတယ်ဘာညာတော့ မကြားဖူးလို့ " ဒေသခံတွေနဲ့ ဒေသအခြေစိုက် SPT Info ကဆိုပါတယ်။
အဆိုပါဖောက်ခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး နန်းထိုက်အောင် စစ်ဆင်ရေး အုပ်ချုပ်ရေးပစ်မှတ်အဖြစ် ရွှေပြည်သာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ (၃) တပ်စု (၁)နှင့် YUGA (MO-7 Eagle) တို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပြီး ရဲဘော်အားလုံး ဘေးကင်း လုံခြုံမှုရှိကြောင်းဖော်ပြထားကာ ထိခိုက်/သေဆုံးမှု အတိအကျမသိရသေးဘူးလို့ ထုတ်ပြန်ဖော်ပြထားပါသည်။
ဩဂုတ်လ ၁၁ ရက် ၊ ၂၀၂၂
#ရွှေပြည်သာ
#ဗုံးပေါက်ကွဲမှု(ပုံဟောင်း)
#HTY_Information