ရွှေလင်ပန်းအမှတ်(၂၃)ရပ်ကွက် ရွှေစံပယ်(၃)လမ်းတွင် နေအိမ်များ ထပ်မံဖျက်ဆီးခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းအမှတ် (၂၃)ရပ်ကွက်၊ ရွှေစံပယ်(၃)လမ်းတွင်၊ ဦးသိန်းစိန်လက်ထက်က မြေစလစ်ကဒ်များဖြင့် ရေမီးစုံ အကွက်ရိုက်ရောင်းချခဲ့သော မြေနေရာများကို စစ်ကောင်စီရပ်ကျေးများနှင့် ရပ်ကွက်လူမိုက်များပူပေါင်း၍ ထပ်မံဖြိုဖျက်နေကြောင်း သိရပါသည်။

“ကျူးမဟုတ်ပါဘူးအိမ်တွေကအပိုင်ပါ။ အမည်ပေါက်မရှိလို့ဆိုပြီးလိုက်ဖျက်နေတာပါ။ အကူညီမဲ့နေပြီး ဘယ်သူ့တိုင်ရမယ်မှန်းလဲမသိ သက်သက်အနိူင်ကျင့်နေတာပါ” ဟု နီးစပ်သူ တစ်ဦးမှ HTY Information သို့ ပြောကြားလာခဲ့ပါသည်။

“ရပ်ကွက်ကပြည်သူတွေနဲ့ စစ်တပ်ဗိုလ်မှူးတွေနဲ့လဲ ဆုံကြတယ်ပြောတယ်။ ဗိုလ်မှူးတွေက သူတို့နဲ့မဆိုင်ဘူးလို့ပြောတယ်ကြားပါတယ် “ ဟုလည်း ၎င်းမှထပ်မံပြောကြားခဲ့ပါသည်။


“ဝယ်တုန်းက သိန်း ၃၀ ပေးခဲ့ရတယ်ဗျ။ စာချူပ်ပဲပါတာ၊ အမည်မပေါက်ဘူး။ အခု သူတို့က မဖျက်ချင်ဘူးဆိုရင် သိန်း ၅၀ ပေးရမယ်ပြောတယ်။ ဘယ်လိုလုပ်ပေးနိုင်မှာလဲဗျာ” ဟုလည်း ရင်ဖွင့်ပြောကြားလာခဲ့ပါသည်။

ယခုကဲ့သို့ အိမ်များဖျက်မည်ဆိုသည်ကို လွန်ခဲ့သောတစ်ပတ်လောက်ကသတိပေးခဲ့ပြီး၊ ဇူလိုင် (၈) ရက်နေ့ညက ရပ်ကွက်နေပြည်သူများကို အတင်းအကျပ် လက်မှတ်ထိုး သဘောတူခိုင်းခဲ့ကြောင်း လည်းသိရပါသည်။


အလားတူ ပြီးခဲ့သော မေလ အတွင်းကလည်း ရွှေစံပယ်(၃)လမ်းနှင့် (၄)လမ်းရှိ အိမ်အချို့ကို ရပ်ကျေးများနှင့် ရပ်ကွက်လူမိုက်များပူးပေါင်း၍ ဖျက်ဆီးခဲ့ပါသေးသည်။

ဇူလိုင် ၁၁ ရက် ၊ ၂၀၂၁

HTY Information 

ပြင်းအားအဆင့် ၄ ရှိ ဟာရီကိန်း အိုင်ဒါတိုက်ခတ်ခဲ့၍ အမေရိကန်တောင်ဘက်စွန်...

HTY Information 11 months ago

KNLA ကမိုင်းခွဲတိုက်ခိုက်လို့ စစ်ကောင်စီ ယာဉ်နှစ်စီး ပျက်စီးခါ တစ်ဦးဒဏ...

HTY Information 11 months ago

မြောက်ဥက္ကလာတွင် တံတားလုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပ...

HTY Information 10 months ago

ကန့်ကွက်မှုတွေရှိနေတဲ့ကြားက အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး မြန်မ...

HTY Information 1 month ago

သတ်ဖြတ်ခြင်း မီးရှို့ဖျက်ဆီးခြင်းများနှင့် မိုင်းခွဲတိုက်ခိုက်ခြင်းမျာ...

HTY Information 10 months ago