ပြည်တွင်းရွှေဈေးအဆမတန် မြင့်တက်နေမှုကြောင့် ရွှေဈေးကိုထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ရွှေဒင်္ဂါးများ ထုတ် ယူရောင်းချနေသော်လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ကြေ ညာထားသောဈေးနှုန်းမဟုတ်ပဲ လက်ရှိအပြင်ပေါက်ဈေး နဲ့ ရောင်းချနေတာဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။
စစ်ကောင်စီဟာ ရွှေဒင်္ဂါးများကို ပြည်တွင်းရွှေဈေးထိန်း ချုပ်နိုင်ရန် ၁၉ သိန်းနဲ့ရောင်းချသွားမှာဖြစ်တယ်လို့ သတင်းစာတွင်ထည့်သွင်းကြေညာခဲ့သော်လည်း တကယ် တမ်းရောင်းချတဲ့အခါမှာတော့ အထဲရွှေသားအပြင် ဗူးဖိုးပါထည့်သွင်းပေးဆောင်နေရပြီး စုစုပေါင်း တစ်ကျပ်သားကို ၂,၉၉၀,၀၀၀ ကျသင့်နေတာဖြစ်တယ်လို့ဆိုပါတယ်။
ဒါပြင် လက်ရှိရွှေဈေးနှုန်းမှာ ၂,၉၈၀,၀၀၀ ဖြစ်နေသော် လည်း ဗူးဖိုးပါဝယ်ယူရတဲ့အတွက် ရွှေဈေးပေါက်ဈေးထက်ပင် ၁၀၀၀၀ ပိုများနေသေးကြောင်း သိရှိရပါသည်။
စက်တင်ဘာလ ၅ ရက် ၊ ၂၀၂၂
#ရွှေဒင်္ဂါး
#စစ်ကောင်စီ
#HTY_Information