ရဲဝန်ထမ်းအိမ်ယာအား ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မှ ဗုံးခွဲတိုက်ခိုက်

စက်တင်ဘာလ (၅)ရက် မနက်စော (၅:၁၀) ခန့်က၊ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ရွှေလရောင်ကွက်သစ်ရပ်ကွက်၊ ဒေသအခေါ် မြောက်ရဲစခန်း၊ ရဲဝန်ထမ်းအိမ်ယာအား ဗုံးဖြင့်တိုက်ခိုက်ခဲ့သည်ဟု ဗိဿနိုးနယ်မြေ ပြည်သူ့ ကာကွယ်ရေး တပ်မတော်မှ ၎င်းတို့၏ Facebook စာမျက်နှာမှတဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပြည်သူလူထုနှင့် ရပ်တည်မှုမရှိဘဲ အကြမ်းဖက်စစ်ကောင်စီ အလိုကျ တာဝန် ထမ်းဆောင် နေသည့် CDM ဆောင်ရွက်ခြင်းမရှိသော ရဲဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့အား လုံးဝ (လုံးဝ) တာဝန်ယူမည် မဟုတ်ကြောင်းနှင့် ပြည်သူနှင့်အတူ တစ်သားတည်း အမြန်ဆုံးရပ်တည်သွားရန် သတိပေးချက်ထုတ်ပြန်လိုက်သည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များနှင့်ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထု အနေဖြင့် ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံလိုကြောင်းလည်း ဖော်ပြပါရှိပြီး ဗုံးဖြင့်တိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်ကို မသိရှိရသေးပါဘူး။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

စက်တင်ဘာလ ၅ ရက်၊ ၂၀၂၁

#ဗိဿနိုးPDF

#HTY_Information

ပြင်ပသွင်းကုန်များပိတ်ပြီး ဘယ်သူမှမသုံးတဲ့ ပြည်တွင်းစစ်တပ်ထုတ်ကုန်များ...

HTY Information 5 months ago

အမေရိကန်အပါအဝင် ၄နိုင်ငံပူပေါင်းထားသော Quad အဖွဲ့ရဲ့ Malabar 21စစ်ဆင်ရ...

HTY Information 1 month ago

မုံရွာမြို့စစ်ဆေးရေးဂိတ် ဗုံးဖောက်ခွဲမှုတွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးသေ ၃ ဦ...

HTY Information 2 months ago

“ခိုးယူထားသည့် ပိုင်ဆိုင်မှုများအားလုံးကို ပြည်သူများထံ ပြန်လည်ပေးအပ်ရ...

HTY Information 2 months ago

လှိုင်သာယာမြို့အဝင် အောင်ဇေယျ(ကြိုးတံတားအဆင်း လောင်စာဆီတင်ယာဉ်ကားတစ်စီ...

HTY Information 3 months ago