ယာဥ်ထိန်းရဲချင်း ရန်ဖြစ်ရာမှ ဝင်ရောက်ဖျန်ဖြေခဲ့သော ယာဥ်ထိန်းရဲ သေနတ်ဖြင့်အပစ်ခံရ၍သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင်အာဏာသိမ်းစစ်ကောင်စီ၏ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်ချင်းခိုက်ရန်ဖြစ်ပွားရာ ဝင်ရောက်ဖျန်ဖြေခဲ့သောရဲတစ်ဦး ယမန်နေ့စက်တင်ဘာ ၅ ရက် ညအချိန်က သေနတ်ဖြင့် အပစ်ခံရ၍သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုဖြစ်စဉ်ကြောင့် ပစ်ခတ်ခံရ၍ သေဆုံးသူသည် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဦးလှမင်းအောင်ဆိုသူဖြစ်ကြောင်းသိရသည်။

အသက် (၄၀)အရွယ် ဦးလှမင်းအောင်အား သေနတ်ဖြင့် ပစ်ခတ်သူမှာလည်း ယာဉ်ထိန်းရဲပင်ဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု လောက်ကိုင်မြို့သတင်းရင်းမြစ်မှဖော်ပြထားသည်။

သေဆုံးသည့်ရဲ၏ ရုပ်အလောင်းကို လောက်ကိုင်မြို့အခြေစိုက် ဂရုဏာဟဒယလူမှုကူညီရေးအသင်းက သယ်ဆောင်ကာ သုသာန်တွေ မီးရှို့သဂြိုလ်ခဲ့ကြောင်းသိရှိရပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

စက်တင်ဘာလ ၆ ရက်၊ ၂၀၂၁

#ရဲအချင်းချင်းပစ်ခတ်မှု

#လောက်ကိုင်သတင်းစဥ်

#HTY_Information


သြဂုတ်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် က ၁၀၀ ကျော်သေဆုံးဟု KNU တ...

HTY Information 2 months ago

ပြည်တွင်းနာမည်ကြီး စီးကရက် ကုမ္ပဏီကြီးတစ်ခုဖြစ်သည် British American To...

HTY Information 1 month ago

လားရှိုးမြို့ ကြံ့ခိုင်ရေးရုံးရှေ့အပါအဝင် လားရှိုးမြို့တွင်း တစ်ရက်ထဲ...

HTY Information 5 months ago

လှိုင်သာယာမြို့နယ်တွင်း ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးအား အကြမ်းဖက်စစ်တပ်...

HTY Information 5 months ago

ဂျိုုးဘိုက်ဒန် ၇၉ နှစ်မပြည့်မှီတစ်ရက်အလိုတွင် ကျန်းမာရေးအခြေအနေကြောင့်...

HTY Information 1 week ago