ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်း အမှတ် (၂၀)ရပ်ကွက်တွင် ဩဂုတ်လ (၁၃) ရက်နေ့က ရပ်ကွက်ရုံးရှေ့ ဖြတ်လျှောက်ခြင်းကြောင့်ဟု ဆိုကာ ရပ်ကွက်ရုံးကင်းစောင့် (၇) ဦးမှ စိတ်မနှံသူ လူငယ်တစ်ဦးအား သေဆုံးသည်အထိ ဝိုင်း၍ရိုက်နှက်ခဲ့မှုဖြစ်ပွားခဲ့သည်။
သေဆုံးခဲ့သူသည် အသက် (၃၂)အရွယ် ကိုဟန်ဇော်ထွန်း (ခ) တုတ်ပြဲ ဖြစ်ပြီး စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးလည်းဖြစ်ကြောင်းသိရှိရပါသည်။ ကိုဟန်ဇော်ထွန်းသည် ဦးခေါင်းပွင့်ထွက်ပြီး ဒဏ်ရာအမြောက်အများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြာင်း ဆေးရုံ၏ ရင်ခွဲစစ်ဆေးမှုမှတ်တမ်းအရ သိရသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသည့်တိုင် ရိုက်နှက်ခဲ့သည် ရပ်ကွက်ရုံးကင်းစောင့်သူ (၇) ဦးအား ဖမ်းဆီးအရေးယူထားသည်ဟု ရပ်ကျေးအဖွဲ့မှ မိသားစုဝင်များထံ သတင်းပေးပို့ခဲ့သော်လည်း ယနေ့ထိတိုင် မည်သူများဖြစ်ကြောင်းနှင့် မည်သည့်အမှုဖြင့်တရားစွဲဆိုထားသည်ကို မသိရှိရသေးကြောင်း နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
သေဆုံးသူရုပ်အလောင်းအား ဩဂုတ်လ ၁၄ ရက် နေ့လယ် (၁)နာရီတွင် လှိုင်သာယာဆေးရုံကြီး၌ထုတ်ယူပြီး ထိန်ပင်သုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်ခဲ့ကြောင်းသိရှိရပါသည်။
ဩဂုတ်လ ၁၆ရက်၊ ၂၀၂၁
#လှိုင်သာယာ
#HTY_Information