ရန်ကုန်မြို့တွင် လက်ဖက်ရည်ထိုင်သောက်နေသော အုပ်ချုပ်ရေးမှူး (၂)ဦး တစ်ရက်ထဲ သေနတ်နဲ့ ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က အုပ်ချုပ်ရေးမှူးတစ်ဦးတို့ တစ်ရက်ထဲ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရကြောင်းသိရသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်း အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်ထွန်းအောင်သည် ဒီကနေ့ နံနက် (၈:၀၀) ဝန်းကျင်အချိန်ခန့်က လက်ဖက်ရည်ထိုင်သောက်နေစဉ် ပစ်ခတ်ခဲ့ရကြောင်းသိရပြီး သေနတ်ဒဏ်ကြောင့် စိုးရိမ်ရကြောင်းသိရသည်။

အလားတူ ဒဂုံမြို့သစ်မြောက်ပိုင်း အမှတ်(၂၉)ရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးမြင့်ကြည်ကိုလည်း လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ဒီကနေ့ နံနက် (၉:၀၀)ဝန်းကျင်အချိန်ခန့်တွင် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီး ၎င်းနှင့်အတူ ၎င်း၏အမျိုးသမီးဖြစ်သူပါထိမှန်ခဲ့ကြောင်းသိရသည်။

ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ပစ်ခတ်ခံရသူများကို ဆေးရုံသို့ပို့ဆောင်၍ အနီးအနား စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရှိရပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

နိုဝင်ဘာ ၂၄၊ ၂၀၂၁

#ရန်ကုန်

#အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရ

#ဓာတ်ပုံ_ပုံဟောင်း

#HTY_Information

ဗဟိုဘဏ်က အသစ်ရိုက်နှိပ်ထုတ်ဝေလိုက်သော ငွေစက္ကူအချို့ ဆေးသားပျက်ပြယ်မှု...

HTY Information 3 months ago

လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်ရှိ ဟန်မောက်အထည်ချူပ်စက်ရုံပိတ်...

HTY Information 5 months ago

လေဆိပ်အသေခံဗုံးခွဲမှု စီစဉ်သူ ၁ ဦးကို ဒရုန်းဖြင့်ပစ်ခတ်နှိမ်နှင်းပြီးန...

HTY Information 2 months ago

ရန်ကုန် တိုက်ကြီးမြို့တွင် စစ်ကောင်စီသတင်းပေး ဒလန်အကြီးစားဟုဆိုသူ သိန်...

HTY Information 2 months ago

ကားတင်သွင်းမှု ယာယီရပ်ဆိုင်လိုက်တာဟာ ဒေါ်လာဈေး(သို့) မြန်မာငွေကျဆင်းခြ...

HTY Information 2 months ago