ရန်ကုန်မြို့ ဆိပ်ကြီးခနောင်တိုမှာ ကင်းလှည့်နေတဲ့ ရဲတစ်ဦး ဓားနဲ့ခုတ်ခံရ

ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆမားဒူးဝါးရပ်ကွက်အနီးမှာ ဒီကနေ့ နံနက် ၁၁နာရီက ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားနဲ့ခုတ်ခံရကြောင်းသိရသည်။

အဆိုပါ ဓားခုတ်ခံရသူမှာ ဒုတပ်ကြပ်တင်ထွန်းအောင်ဖြစ်ပြီး ဆိပ်ကြီးခနောင်တိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

လှည့်ကင်းလှည့်သူတွေဟာ မြို့နယ်အတွင်းလှည့်လည်နေပြီး ဆမားဒူးဝါးရပ်ကွက်၊ ငုဝါလမ်းအရောက်မှာ နောက်ဆုံးဆိုင်ကယ်နဲ့လိုက်ပါလာတဲ့ ဒုတပ်ကြပ်တစ်ဦးဓားနဲ့ခုတ်ခံရတာဖြစ်တယ်လို့ အမည်မဖော်လို ရဲတပ်ဖွဲ့ဝင်တစ်ဦးကအတည်ပြုပြောပြထားသည်။

၎င်းရဲအား ဓါးဖြင့်ခုတ်ခဲ့သော အမျိုးသားကို ဖမ်းဆီးရမိရေးအတွက် စစ်တပ်နဲ့ရဲတွေဟာ ရှာဖွေနေတယ်လို့လည်း သိရပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

စက်တင်ဘာလ ၅ ရက်၊ ၂၀၂၁

#ရန်ကုန် 

#ရဲတစ်ဦး #ဓားခုတ်ခံရ

#HTY_Information

ကာဘူးလ်လေဆိပ် ISIS အသေခံဗုံးခွဲမှု တာလီဘန် ၂၈ ဦး၊ US စစ်သား ၁၃ ဦး၊ အရပ...

HTY Information 3 months ago

မုံးကိုးဒေသတွင်းတိုက်ပွဲပြင်းထန်နေ၍ စစ်ဘေးရှောင်မြန်မာပြည်သူများ နယ်ခြ...

HTY Information 1 month ago

ပျောက်ကွယ်နေသောစစ်ဦးစီးချုပ်ပြန်ပေါ်လာပြီးနောက် ကမ္ဘာ့အသိအမှတ်မပြုသည့်...

HTY Information 4 months ago

ကန်ဒေါ်လာ ၄၅သန်း ရင်နှီးမြှပ်နှံထားသော နိုင်ငံတကာအဆင့်မှီ Kempinski Ho...

HTY Information 1 month ago

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ဒုရ...

HTY Information 2 months ago