ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ (၇)အရှေ့ရပ်ကွက်၊ အောင်သပြေလမ်းနှင့် ဓမ္မာရုံလမ်းထောင့်မှာ ဒီကနေ့ည (၇:၄၀)ဝန်းကျင်အချိန်ခန့်က ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရတယ်လို့ ဒေသအခြေစိုက် Tharkayta News ကဖော်ပြထားပါတယ်။
အဆိုပါပစ်ခတ်ခံရသူဟာ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်သလို ရာအိမ်မှူး အောင်ကြီး ဆိုသူဖြစ်ပြီး ဆုတောင်းပြည့်ဘုရားအနီးမှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပစ်ခတ်ခံရမှုကြောင့် အခြေအနေမသိရှိရသေးသော်လည်း စစ်ကောင်စီတပ်များရောက်ရှိလာပြီး လူနာတင်ကားနဲ့ ဆေးရုံကိုပို့ဆောင်လိုက်ကြောင်းသိရှိရပါသည်။
ဒါပြင် ဒီကနေ့ နံနက်အစောပိုင်းကလည်း ရန်ကုန် တောင်ဒဂုံမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင်လည်း အုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦး ပစ်ခတ်ခံခဲ့ရပါသည်။
ဇွန်လ ၉ ရက် ၊ ၂၀၂၂
#သာကေတ
#ရာအိမ်မှူးပစ်ခတ်ခံရ
#HTY_Information