ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ်(၅၅) ရပ်ကွက်၊ ဓနဝတီလမ်းမှာ ဒီကနေ့ မွန်းလွဲပိုင်းက အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရကြောင်းသိရပါတယ်။
အဆိုပါပစ်ခတ်ခံရသူဟာ ဟိန်းမျိုးလတ် ဆိုသူဖြစ်ပြီး မွန်းလွှဲ (၂:၁၀)ဝန်းကျင်အချိန်ခန့်တွင် ရုံးမှပြန်လာစဉ် လမ်းမှာပစ်ခတ်ခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များရောက်ရှိလာပြီး ထိမှန်သူအားဆေးရုံသို့ပို့ဆောင်လိုက်ကာ အနီးနား စုံစမ်းမေးမြန်း ပိတ်ဆို့တားစစ်ဆေးတာမျိုးတွေလုပ်နေတယ်လို့ ဒေသခံများအဆိုအရသိရပါသည်။
ဇွန်လ ၁၀ ရက် ၊ ၂၀၂၂
#တောင်ဒဂုံ
#အုပ်ချုပ်ရေးအဖွဲ့ဝင်ပစ်ခတ်ခံရ
#ပုံဟောင်း
#HTY_Information