ဝိုင်း​မော် ခလရ (၅၈) မှ စစ်သားမယားများ ၎င်းတို့၏ ချစ်ခင်ပွန်းများ​ထောင်ထားသည့် မိုင်းနင်းမိ၍ ၃ ဦး​သေ၊ ၂ ဦးဒဏ်ရာရ

ကချင်ပြည်နော်၊ ဝိုင်း​မော်မြို့ရှိ ခလရ ၅၈ တပ်ရင်းမှ စစ်​ကောင်စီတပ်သားများ၏ ဇနီးမယားအချို့သည် ၎င်းတို့၏ ချစ်ခင်ပွန်းများ​ထောင်ထားသည့်မိုင်းနင်းမိပြီး (၃) ဦး​သေ၊ (၂) ဥဦးဒဏ်ရာရရှိခဲ့သည်ဟု ကချင်ပြည်နယ်အခြေစိုက် Kachinwaves ၏ ဖော်ပြချက်အရ သိရသည်။

ယနေ့ အောက်တိုဘာ ၁၇ ရက်၊ ညနေပိုင်းက ၎င်းတို့နေထိုင်ရာ တပ်စခန်းအနီးရှိ စိုက်ခင်းထဲသွားစဥ် ၎င်းတို့ခင်ပွန်းများ ကိုယ်တိုင် ထောင်ထားသည့် မိုင်းနင်းမိပြီး ​သေဆုံး၊ ဒဏ်ရာရကြခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ခလရ (၅၈) ရှိ အိမ်​ထောင်သည်စစ်သည်များသည် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက တိုင်းမှူးနှင့် တပ်ရင်းမှူးတို့၏ ဂုဏ်ပြုခြင်းကို ခံခဲ့ရသူများ ဖြစ်ပြီး၊ ခလရ (၅၈) ၏ ရမ်းသမ်းပစ်ခတ်မှု​များကြောင့် ပြည်သူအချို့ ​သေဆုံးခဲ့ပြီး အနီးအနားရှိ ​ကျေးရွာများမှ ပြည်သူများမှာလည်း ထွက်​ပြေးတိမ်းရှော​င်နေကြရခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၇ ရက်၊ ၂၀၂၁

#HTY_Information

တရုတ်နှင့် ရုရှားမှ စစ်သင်္ဘောများ ပူးပေါင်း၍ ဂျပန်နိုင်ငံအနီး ရေလက်ကြ...

HTY Information 1 month ago

နိုင်ငံတကာအနေနဲ့ NUG/CRPH တို့ကို ပံ့ပိုးနေခြင်းဟာ အကြမ်းဖက်တိုက်ဖျက်ရ...

HTY Information 1 month ago

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ၏ ASEAN ခရီးစဉ်တွင် မြန်မာ...

HTY Information 1 month ago

သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်လုံခြုံရေးကို ကာကွယ်ပေးဖို့ ခက်ခဲလာတာကြေ...

HTY Information 4 months ago

ကိုဗစ်အတွက် အကူအညီရရန် အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံတကာကို အကူအညီတောင်...

HTY Information 4 months ago