တရုတ်နှင့် ရုရှားမှ စစ်သင်္ဘောများ ပူးပေါင်း၍ ဂျပန်နိုင်ငံအနီး ရေလက်ကြားသို့ ဖြတ်သန်း

တရုတ်နှင့် ရုရှားမှ ပူးပေါင်းထားသော စစ်င်္ဘော (၁၀) စီးသည် ယမန်နေ့ အောက်တိုဘာ ၁၈ ရက်နေ့က ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုခိုက်ဒိုးကျွန်းဆွယ်အနီးရှိ Tsugaru Strait ရေလက်ကြားအတွင်းသို့ ဖြတ်သန်းဝင်ရောက်ခဲကြောင်း ဂျပန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန်ခဲ့သည်ဟု ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါရေလက်ကြားသည် ဂျပန်ပြည်မကြီးနှင့် ဟိုခိုက်ဒိုးကျွန်းဆွယ်တို့ကို ခြားထားသောကျဉ်းမြောင်းသည့် ရေလက်ကြားဖြစ်သည့်ပြီး၊ ဂျပန်ပင်လယ် (အရှေ့ပင်လယ်) နှင့် ပစိဖစ်သမုဒ္ဒရာတို့ကို ခြားနားထားသော ရေလက်ကြားလည်းဖြစ်သည်။ 

Tsugaru Strait သည် အပြည်ပြည်ဆိုင်ရာရေပိုင်နက်ဖြစ်ပြီး စစ်သင်္ဘောများအပါအဝင် နိုင်ငံတကာမှ သင်္ဘောများဖြတ်သန်းသွားလာခွင့်ရှိကြောင်းလည်း သိရသည်။ 

“အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်အတွင်းမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ချိုးဖောက်တာမျိုး မရှိသေးပါဘူး” ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့သည်။ 

နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများကို နီးကပ်စွာစောင့်ကြည့်လေ့ရှိသော ဂျပန်နိုင်ငံအနေဖြင့် ယခုကဲ့သို့ တရုတ်နှင့် ရုရှားစစ်သင်္ဘောများ နိုင်ငံရေပိုင်နက်အနီးဖြတ်သန်းခြင်းကို ပထမဆုံးအကြိမ် အတည်ပြုပြောကြားခြင်းလည်း ဖြစ်သည်။ 

ရုရှားနှင့် တရုတ် နှစ်နိုင်ငံပေါင်း၍ ရေတပ်စစ်ဆင်ရေး လေ့ကျင့်ခြင်းကို ဂျပန်ပင်လယ် (Sea of Japan) တွင် အောက်တိုဘာ ၁၄ ရက်နေ့မှ၊ ၁၇ ရက်နေ့အတွင်း ၄ ရက်တာပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တင်းမာမှုများ ဖြစ်ပေါ်လာပြီးသည့်နောက်တွင် ရုရှားနှင့် တရုတ်နှစ်နိုင်ငံသည် စစ်ရေးအရရော၊ နိုင်ငံရေးအရပါ ပိုမိုနီးကပ်စွာ ဆက်ဆံလာခြင်းလည်းဖြစ်သည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

အောက်တိုဘာ ၁၉ ရက်၊ ၂၀၂၁

HTY Information မှ ဘာသာပြန်ဖော်ပြသည်။

#Photo_Reuters - ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ မှတ်တမ်းတင်ထားသော တရုတ်နှင့် ရုရှားမှ စစ်င်္ဘောများ

#Japan

#China

#Russia

#HTY_Information

လှိုင်သာယာမြို့နယ်က စစ်တပ်အမာခံ ထင်ပေါ်ကျော်ကြားသူ လူမိုက်ကြီးခင်စိန်...

HTY Information 2 weeks ago

ရုရှားအရှေ့ဖျားတွင် ခရီးသွားများတင်ဆောင်လာသော ရဟတ်ယျာဉ်ပျက်ကျခဲ့မှု (၈...

HTY Information 3 months ago

၂၀၂၂ မဆုံးမီ မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှု (၂) ဆ မြင့်တက်လာမည်ဟု ကမ္...

HTY Information 4 months ago

“လွတ်လပ်နေတဲ့အချိန်မှာ Rock and Roll ဂီတဟာ သူ့ရဲ့အလှပဆုံး စင်မြင့်ထက်မ...

HTY Information 2 months ago

NUG နှင့် CRPH အားတရားဝင်အသိအမှတ်ပြုရေး ဥရောပသမဂ္ဂပါလိမန်တွင် မဲခွဲဆုံ...

HTY Information 1 month ago