HTY Information 2 months ago
Admin HTY

တရုတ်အစိုးရမှ ယောက်ျားမပီသသော အသွင်သဏ္ဍန်ရှိသည့် ယောက််ျားများကို TV တွင်ပြသခွင့် ပိတ်မည်ဟု ထုတ်ပြန်

တရုတ်နိုင်ငံအစိုးရမှ စီးပွါးရေးနှင့် လူမှုရေးနယ်ပယ်ရှိ ရုပ်သံထုတ်လွှင့်ခြင်းများတွင် ယောက်ျားမပီသသော အသွင်သဏ္ဍန်ရှိသည့် ယောက်ျားများကို ပြသခွင့်ပိတ်ခြင်းအားဖြင့် ယဉ်ကျေးမှုအနုပညာကို ပြောင်းလဲရန်အတွက် Campaign တစ်ခုစတင်ရန် ရုပ်သံလွှင့်ဌာနများကို အသိပေးခဲ့ကြောင်း Yahoo News ၏ ဖော်ပြချက်အရ သိရသည်။

တရုတ်သမ္မတ ရှီကျင်းပင်မှ နိုင်ငံကိုအားသစ်လောင်းစေရန်အတွက် စီးပွါးရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး စသည့်နယ်ပယ်များတွင် ပိုမိုတင်းကျပ်သော စည်းကမ်းချက်များဖြင့် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံပိုင်ရေဒီယိုနှင့် TV အစီအစဉ်များမှ အထက်ပါ စည်းကမ်းချက်ကို ကြေညာရာတွင် “မိန်းမဆန်သော ယောက်ျားများ”၊ “မိန်းမလျာများ”၊ “ပုံမှန်မဟုတ်သူများ” ဟု အဓိပ္ပာယ်သက်ရောက်သည့် စော်ကားဖိနှိပ်သော အသုံးအနှုန်းကိုသုံး၍ ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ ပေါ့စတားများ၏ တောင်ကိုရီးယားနှင့်ဂျပန်ရှိ အဆိုတော်များ၊ သရုပ်ဆောင်များကို အတုယူ၍ ဝတ်စားဆင်ယင်မှုများသည် တရုတ်နိုင်ငံအတွင်းရှိ လူငယ်များကို ယောက်ျားပီသစေရန် ကြိုးစားနိုင်အောင် လှုံဆော်နိုင်ခြင်းမရှိသောကြောင့် ယခုကဲ့သို့ ထိန်းချုပ်ရခြင်းဖြစ်ကြောင်း အစိုးရပိုင်းတာဝန်ရှိသူများမှ ထုတ်ပြန်ခဲ့သည်။


ထို့အပြင် တရုတ်အစိုးရမှ အသက် (၁၈) နှစ်အောက် လူငယ်များနှင့် ကလေးငယ်များအား တစ်ပတ်လျှင် (၃) နာရီ (သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် ည ၈ နာရီမှ ၉ နာရီထိ) သာ ဂိမ်းကစားခွင့်ပြုတော့မည်ဟုလည်း ဩဂုတ် ၃၀ ရက်နေ့က ကြေငြာခဲ့ပြီးဖြစ်သည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

စက်တင်ဘာ ၃ ရက်၊ ၂၀၂၁

HTY Information 

#Photo_InternationalMedia

#China

#HTY_Information

လှိုင်သာယာမြို့နယ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခံရ...

HTY Information 2 months ago

ယနေ့တိုက်ပွဲတွင် PDF(Kalay)နှင့် CNDF ပူးပေါင်းတပ်ဖွဲ့မှ “၃” ဦး လက်နက်...

HTY Information 2 months ago

လှိုင်သာယာမြို့နယ်တွင် ဧည့်စာရင်းနေပြည်သူများ ဧည့်စာရင်းစာရွက်ကြေးတစ်ခ...

HTY Information 1 month ago

🏦ဗဟိုဘဏ်မှ ငွေကြေးဆုံးရှုံးများမဖြစ်ပေါ်နိုင်ကြောင်း ကြေညာချက်ပြန်ပြီး...

HTY Information 6 months ago

စစ်တပ်၏အကြမ်းဖက်မှုများကြောင့် တိုင်းနှင့်ပြည်နယ် ၇ ခုတွင်၊ ပြည််သူ့နေ...

HTY Information 2 weeks ago