တိုင်းရင်းသား လက်နက်ကိုင်များတည်ရှိရာနေမြေများသို့ စစ်ကောင်စီမှ အင်အားဖြည့်တင်းထိုးစစ်ဆင်မှုပြုလုပ်ရန်ပြင်ဆင်

မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကချင်လွန်မြောက်ရေးတပ်မတော်(KIA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီတပ်မတော်(KA)၊ ရခိုင်တပ်မတော် (AA)နှင့် ကိုးကန့်တပ်မတော် (MNDAA) အပြင်အခြားသော လွတ်မြောက်နယ်မြေများတွင်ပါ စစ်ကောင်စီမှ အင်အားဖြည့်တင်းလာကြသလို ထိုးစစ်ဆင်မှုများလည်း ပြုလုပ်နေပြီးဖြစ်ပါသည်။

အဆိုပါတိုက်ပွဲများကြောင့် အနီးနားရှိကျေးရွာများနှင့် တိုင်းရင်းသားပြည်သူအများနေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်မှုများလည်းရှိနေသလို ဆေးဝါးနှင့် အစားအစာများလည်းလိုအပ်လျက်ရှိပါသည်။

ဒါပြင် မြို့ပြများတွင်လည်း စစ်ကောင်စီ၏ တိကျသေခြာမှုမရှိဖမ်းဆီးမှုများနေ့ညမပြတ်ရှိနေခဲ့ပြီး တိုင်းရင်းသားနယ်မြေများတွင်ပါ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ကျေးရွာအချို့မီးရှို့ဖြို့ချဖျက်စီးခံခဲ့ရပြီး အပြစ်မဲ့ပြည်သူအများ အသက်ဆုံးရှုံးမှုများလည်းရှိခဲ့ပါသည်။

ဖေဖော်ဝါရီလ (၁)ရက်နေ့ စစ်ကောင်စီမှ ပြည်သူ့အာဏာကိုသိမ်းပိုက်ခဲ့အပြီး နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဩဂုတ်လ (၂၃)ရက်နေ့ထိ ထုတ်ပြန်ချက်အရ အပြစ်မဲ့ပြည်သူ (၁၀၁၃)ဦးသေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ (၇၄၄၀)ဦး၊ ချုပ်နှောင်ခံထားရသူ (၅၈၂၁)ဦးနှင့် ဖမ်းဝရမ်းထုတ်ခံရသူ (၁၉၈၄)ဦးထိ ရှိပြီဖြစ်ပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများကို အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၁


#ဓာတ်ပုံ_ပုံဟောင်း

#HTY_Information 

ပုဒ်မ ၅၀၅(က) ဖြင့် ထပ်မှန်တရားစွဲဆိုခံရသော Cele/Influencer (၂၀)ဦး

HTY Information 9 months ago

လှိုင်သာယာ၊ ရွှေလင်ဗန်း ၂၃ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးအိမ်ကို မြို့ပြပြေ...

HTY Information 1 week ago

ရန်ကုန်မြို့တွင် လက်ဖက်ရည်ထိုင်သောက်နေသော အုပ်ချုပ်ရေးမှူး (၂)ဦး တစ်ရက...

HTY Information 1 month ago

ကမ္ဘာ့ပထမဆုံး ကိုဗစ်ရောဂါကုသဆေးကို ဗြိတိန်နိုင်ငံမှ အောင်မြင်စွာထုတ်လု...

HTY Information 2 months ago

တပ်မဟာ(၅)နယ်မြေတွင် လေကြောင်းရန်ကြောင့် ပြည်သူများ ကတုတ်ကျင်းတူးအသင့်...

HTY Information 4 months ago