တိုက်ပွဲတွင်း ပိတ်မိနေတဲ့ရဲဘော်တွေကို ကယ်ထုတ်ဖို့ကြိုး စားရင်း ရွှေဘို PDF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သံမဏိနဲ့ ရဲဘော် (၂)ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲအတွင်းပိတ်မိနေသော ရဲဘော်တွေကို ကယ်ထုတ်ဖို့ကြိုးစားရင်း ရွှေဘို PDF ခေါင်းဆောင် ဗိုလ်သံမဏိနဲ့ ရဲဘော် (၂)ဦး ကျဆုံးခဲ့ကြောင်း မဟာမိတ်တပ်ဖွဲ့တွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ဝက်လက်မြို့နယ်တိုက်ပွဲမှာ အင်အား ၁၅၀ ခန့်ပါသော စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာမှ ပိတ်မိနေတဲ့ ရဲဘော်တွေကို ကယ်ထုတ်ဖို့ကြိုးစားရင်း ဦးခေါင်း ကျည်ထိမှန် ကျဆုံးခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါ ဗိုလ်သံမဏိ ကျဆုံးခဲ့တာနဲ့ပတ်သက်ပြီး ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ယနေ့ထိသတင်းထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။

ရွှေဘို PDF တပ်ဖွဲ့က ဗိုလ်သံမဏိကျဆုံးမှုနဲ့ပတ်သက်ပြီး မဟာမိတ်တွေဖြစ်ကြတဲ့ မြောင်မြို့နယ်ပြည်သူ့ကာကွယ် ရေးနဲ့လုံခြုံရေးအဖွဲ့က ကိုနွေဦးကလည်း ကျဆုံးသွားတဲ့ဗိုလ်သံမဏိနဲ့ပက်သက်ပြီး သူ့ရဲ့လူမှုကွန်ရက်မှာဝမ်း နည်းကြောင်းရေးသားထားတာကိုတွေ့ရှိရပါသည်။

ဇွန်လ ၁၁ ရက် ၊ ၂၀၂၂


#ဓာတ်ပုံ_ဗိုလ်သံမဏိနဲ့ရဲဘော်နှစ်ဦး

#ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

#HTY_Information

UN အနေနဲ့ ဘာကြောင့် NUG ကို အသိအမှတ်ပြုပြီး၊ စစ်ကောင်စီကို ငြင်းပယ်သင်...

HTY Information 11 months ago

အာရှတိုက်ပထမဆုံးခရီးစဉ်အဖြစ် အမေရိကန်ဒုသမ္မတ Kamala Harris စင်္ကာပူနို...

HTY Information 11 months ago

လှိုင်သာယာတွင်၊ ရပ်ကျေးအုပ်ကြီးအိမ်မှ မပေါက်ကွဲသေးသောဗုံးအား စစ်တပ်မှ...

HTY Information 7 months ago

လှိုင်သာယာမြို့နယ်တွင် ယခင်စစ်အုပ်ချုပ်စဉ်က စနစ်ဆိုးတစ်ခုပြန်လည်စတင်

HTY Information 1 year ago

“ခိုးယူထားသည့် ပိုင်ဆိုင်မှုများအားလုံးကို ပြည်သူများထံ ပြန်လည်ပေးအပ်ရ...

HTY Information 11 months ago