သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်လုံခြုံရေးကို ကာကွယ်ပေးဖို့ ခက်ခဲလာတာကြောင့်“ တယ်လီနောမြန်မာကို ရောင်းချ

မြန်မာနိုင်ငံတွင်၂၀၁၄ ခုမှစတင်၍၊ မိုဘိုင်းဆက်သွယ်ရေးနယ်ပယ်အတွက် နော်ဝေးဒေါ်လာ NOK ၅.၃ ဘီလီယံ ခန့််ရင်းနှီးမြှုပ်နှံလာခဲ့သော နော်ဝေးနိုင်ငံအခြေစိုက် တယ်လီနောကုမ္မဏီသည် မြန်မာနိုင်ငံရှိ လုပ်ငန်းများအားလုံးကို လက်ဘနွန်အခြေစိုက် M1 Group ကုမ္မဏီသို့ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချလိုက်ကြောင်း ယနေ့ သတင်းထုတ်ပြန်ခဲ့ပါသည်။

“ပြီးခဲ့တဲ့ လပိုင်းအတွင်း ဖြစ်ပျက်လာခဲ့တဲ့ မြန်မာနိုင်ငံအခြေအနေတွေကြောင့် တယ်လီနောကုမ္မဏီ အနေနဲ့ သုံးစွဲသူပြည်သူတွေအတွက် ကုမ္မဏီဘက်မှ စောင့်ထိမ်းပေးရမယ့် သတင်းအချက်အလက်လုံခြုံရေးနဲ့ စည်းမျဉ်းတွေကို လိုက်နာပေးဖို့ ခက်ခဲလာခဲ့တာကြောင့်” ကုမ္မဏီကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ကုမ္မဏီရဲ့ CEO မှပြောကြားခဲ့ပါသည်။

ထို့အပြင် တယ်လီနော CEO မှ “မြန်မာလူမျိုးများအတွက် မိုဘိုင်းဖုန်းနယ်ပယ်မှာ ထောက်ပံ့ကူညီပေးနိုင်ဖို့အတွက် တယ်လီနောမြန်မာကုမ္မဏီကို အားသွန်ခွန်စိုက်် ကူညီပေးခဲ့တဲ့ ဝန်ထမ်းများနဲ့ စီးပွါးရေးပါတနာ များကိုလည်း ကျေးဇူးတင်ကြောင်း” ပြောကြားခဲ့ပါသည်။ 

ကုမ္မဏီကို ရောင်းချလိုက်သော်လည်း ဖုန်းလိုင်းဝန်ဆောင်မှုများ ဆက်လက်ပေးသွားမှာဖြစ်ကြောင်းလည်း သိရပါသည်။ ၂၀၂၁ ခုနှစ် မေလ အတွင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် တယ်လီနော သုံးစွဲသူ ၁၈.၂ သန်း ရှိနေကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်အာဏာသိမ်းမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ အမြောက်အများ ထွက်ခွါသွားကြသော်လည်း အာဏာသိမ်း စစ်အုပ်စုမှ မဆိုင်သလိုသာ နေနေကြခြင်းဖြစ်ပါသည်။

ဇူလိုင် ၈ ရက် ၊ ၂၀၂၁

#Telenor

#HTY_Information

#Telenor

#HTY_Information

စစ်တပ်နှင့်ဆက်လက်ပူးပေါင်းလုပ်ဆောင်နေသော အိန္ဒိယကုမ္မဏီ၏ ဆိပ်ကမ်းတည်ဆေ...

HTY Information 2 months ago

လှိုင်သာယာမြို့နယ်တွင်း လမ်းဘေး စက်သုံးဆီအရောင်းဆိုင်များ ပိတ်ပေးရန် ရ...

HTY Information 6 months ago

ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီမှ ၁၀ ဦးထက်မနည်းသေဆုံးပြီး ကရင်နီတပ်ဖ...

HTY Information 3 months ago

တာဝန်ထမ်းဆောင်ရင်းမသေခဲ့တဲ့ စစ်ကောင်စီအရာရှိများကို နယ်ဘက်ဝန်ကြီးဌာနမျ...

HTY Information 4 months ago

တောင်ကိုရီးယားနှင့် အမေရိကန်ပူးပေါင်းစစ်ရေးလေ့ကျင်မှုသည် တောင်/မြောက်...

HTY Information 5 months ago