ဒီကနေ့ ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက နိုင်ငံပိုင်သတင်းစာက ထုတ်ပြန်လာသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တိုအပါအဝင် (၄)ဦးကို သေဒဏ်စီရင်ရခြင်းဟာ နိုင်ငံပိုင်သတင်းစာတွေမှာ ထုတ်ပြန်ထားတဲ့အတိုင်းသာဖြစ်ပြီး ဥပဒေ အတိုင်း ဆောင်ရွက်တာဖြစ်လို့ ဖြေရှင်းစရာမလိုဘူးလို စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒါ့အပြင် ဒီအကြောင်းကို မနက်ဖြန် ဇူလိုင်လ ၂၆ ရက်မှာ ပြုလုပ်မယ့် နစက သတင်းစာရှင်းလင်းပွဲမှာလည်း ပြောသွားမှာမဟုတ်ဘူးလို ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တိုနဲ့ လှိုင်သာယာက ကိုလှမျိုးအောင် (ခ) ဝက်ကြီး၊ ကိုအောင်သူရဇော် (ခ) သူရ တိုကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ပြစ်ဒဏ်စီရင်ပြီးပြီလို ဒီနေ့မနက်မှာ နိုင်ငံပိုင်သတင်းစာတွေကနေ ကြေညာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်ကတော့ သူတိုရဲ့မိသားစုတွေနဲ့ Video Call ကနေ တွေ့ဆုံခွင့်ပေးလိုက်ပြီး နောက်နေ့ ဇူလိုင်လ ၂၃ ရက် မနက်ပိုင်း ၄ နာရီမှာ အင်းစိန်ထောင် ကြိုးတိုက်မှာ ကြိုးပေးသတ်ခဲ့တာဖြစ်ကြောင်းသိရှိရပါသည်။
ဇူလိုင်လ ၂၅ ရက် ၊ ၂၀၂၂
#စစ်ကောင်စီ
#ကြိုးမိန့်
#HTY_Information