သတ်ဖြတ်ခြင်း မီးရှို့ဖျက်ဆီးခြင်းများနှင့် မိုင်းခွဲတိုက်ခိုက်ခြင်းများဟာ ဒီမိုကရေစီစနစ်၏ ဆန့်ကျင့်ဘက်ဟု သူကဆို

နေပြည်တော်တွင် ယမန်နေ့ စက်တာဘာ ၂၇ ရက်နေ့က ကျင်းပပြုလုပ်သောအစည်းအဝေးတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းတို့အနေဖြင့် အကြမ်းဖက်ခြင်းကိုမလိုလာပဲ ဒီမိုကရေစီနည်းအရသာဆောင်ရွက်ခြင်းကိုလိုလားပြီး သတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်စီးခြင်းနှင့် မိုင်းခွဲတိုက်ခိုက်ခြင်းများဟာ ဒီမိုကရေစီစနစ်၏ ဆန့်ကျင့်ဖက်ဖြစ်ကြောင်း သူကပြန်၍ ပြောကြားခဲ့သည်။

ကမ္ဘာပေါ်ရှိနိုင်ငံအများစုတွင် ဒီမိုကရေစီစနစ်ကိုသာကျင့်သုံးနေခြင်းဖြစ်ပြီး ၎င်းနိုင်ငံများထံမှ သင်ခန်းစာယူ၍ စစ်ကောင်စီအနေနဲ့လည်း ဒီမိုကရေစီနည်းကို ကျင့်သုံးခါ ဆောင်ရွက်ခြင်းကိုသာလိုလားပြီး လူအများစု၏ ဆန္ဒဆိုပြီး ဥပဒေ နှင့်ဆန့်ကျင်ကာ ဆောင်ရွက်၍မရကြောင်းလည်း စစ်ခေါင်းဆောင်မှပြောကြားသွားခဲ့သည်။

ဖေဖော်ဝါရီ၁ရက်နေ့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်နေပြီး ကချင်၊ ကယား၊ ကရင်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် စစ်ရာဇဝတ်မှုမြောက်သည်အထိ ကြည်း၊ ရေ၊ လေ ဖြင့်စစ်ကြောင်းထိုးကာ ယနေ့တိုင် ဖမ်းဆီသတ်ဖြတ်ခြင်း၊ ရွာမီးရှို့ခြင်းပြုလုပ်နေပြီး အစည်းအဝေးမှာတော့ ၎င်းလုပ်ရက်များသည် ဒီမိုကရေစီစနစ်၏ ဆန့်ကျင့်ဘက်ဟု သူကဆိုခဲ့ပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၁


#HTY_Information 

ရုရှားအရှေ့ဖျားတွင် ခရီးသွားများတင်ဆောင်လာသော ရဟတ်ယျာဉ်ပျက်ကျခဲ့မှု (၈...

HTY Information 5 months ago

လှိုင်သာယာမြို့နယ်တွင်း စစ်အုပ်ချုပ်ရေး လက်အောက် ပိုမိုတင်းကျပ် ထိန်းခ...

HTY Information 6 months ago

မြန်မာ့ရွှေဈေးကွက် အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆက်လက်မြင့်တတ်

HTY Information 8 months ago

လှိုင်သာယာမြို့နယ် စစ်ကောင်တပ်များလုံခြုံရေးယူထားသည့် ယဉ်ထိန်းရဲရုံး ဗ...

HTY Information 3 months ago