တာဝန်ထမ်းဆောင်ရင်းမသေခဲ့တဲ့ စစ်ကောင်စီအရာရှိများကို နယ်ဘက်ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်ခိုင်းမည်ဟုဆို

စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် လူကယ်ပြန်ဝန်ကြီးဖြစ်လာသော ဒေါ်သက်သက်ခိုင်သည် နေပြည်တော်တွင်ကျင်းပပြုလုပ်သော အစည်းအဝေးတစ်ခု၌ " တာဝန်ထမ်းဆောင်ရင်း ကံကောင်းလို့မသေခဲ့သည့် ဆေးအဆင့်နိမ့် အီးအေ(၁/၂) အရာရှိများအား နယ်ဘက်ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်ခိုင်းမည်ဟုပြောကြားခဲ့သည်။

အဆိုပါတာဝန်ထမ်းဆောင်ခွင့်အား ဒဏ်ရာရရှိမှုအခြေအနေ၊ ဆေးဆက်ကုသရမည့်အခြေအနေ၊ ပညာအရေးအချင်းနှင့် ဇနီး၏အလုပ်အကိုင်အခြေအနေများကို စီစစ်ပြီး သင့်လျော်မှုရှိမှသာ နယ်ဘက်ဝန်ကြီးဌာနများ၏ လစ်လပ်မှုအခြေအနေပေါ်မူတည်၍ နေရာပေးသွားဟုဆိုသည်။ 

စစ်ကောင်စီအဖွဲ့သည် အာဏာသိမ်းပြီးချိန်မှစ၍ ဝန်ကြီးဌာနနေရာများတွင် ၎င်းတို့တပ်ဖွဲ့ဝင်များအားအစားထိုးခဲ့ပြီး ယနေ့ထိတိုင် ပြည်သူတွက်ဟုခေါင်းစဉ်တပ်၍ အာဏာတည်မြဲရေးကိုသာ အလေးပေးဆောင်ရွက်လျက်ရှိပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

စက်တင်ဘာလ ၅ ရက်၊ ၂၀၂၁

#HTY_Information


စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ပူတာအို PDF က အသင့်ပြင်ဆင်ထားပြီးဖြစ်သည်...

HTY Information 2 months ago

KNLA ကမိုင်းခွဲတိုက်ခိုက်လို့ စစ်ကောင်စီ ယာဉ်နှစ်စီး ပျက်စီးခါ တစ်ဦးဒဏ...

HTY Information 2 months ago

မြန်မာစစ်တပ်ကို ရေဒါနည်းပညာဆိုင်ရာ ပညာပေးပြောကြားမည့် စင်္ကာပူလူမျိုးက...

HTY Information 1 month ago

လှိုင်သာယာမြို့နယ်တွင်း လမ်းဘေး စက်သုံးဆီအရောင်းဆိုင်များ ပိတ်ပေးရန် ရ...

HTY Information 4 months ago

လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီမှဖွင့်လှစ်ခဲ့သော အခြေခံကျောင်းများတွ...

HTY Information 6 months ago