HTY Information 2 months ago

တာလီဘန်များထံမှ ခွင့်ပြုချက်မရခြင်းကြောင့် လေယာဉ် ၆ စင်းဖြင့်လိုက်ပါမည့် လူပေါင်း ၁,၀၀၀ ခန့် စောင့်ဆိုင်းနေရ

အမေရိကန်နိုင်ငံသားများအပါအဝင် လူပေါင်း ၁,၀၀၀ ခန့်သည် ၎င်းတို့စီးနင်းရမည့် စင်းလုံးငှါးလေယာဉ်များ အာဖဂန်နစ်စတန်နိုင်ငံမြောက်ပိုင်းရှိ Mazar-i-Sharif လေဆိပ်မှ ထွက်ခွါခွင့်မရခြင်းကြောင့် စောင့်ဆိုင်းနေရကြောင်း စီစဉ်သူတစ်ဦးမှ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့နှောင့်နှေးရခြင်းမှာ လေယာဉ်များထွက်ခွါခွင့်ရရှိနိုင်ရန် အမေရိကန်မှ တာလီဘန်များထံ ခွင့်ပြုချက်တောင်းဆိုနိုင်ခြင်း မရှိ၍သော်လည်းကောင်း၊ လေယာဉ်ဆင်းသက်ရမည့်နိုင်ငံ/နေရာကို စီစဉ်နိုင်ခြင်း မရှိ၍သော်လည်းကောင်း ဖြစ်နိုင်သည်ဟု အဆိုပါစီစဉ်သူမှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို အပြစ်တင်၍ပြောကြားခဲ့ကြောင်းလည်း သိရသည်။

“အခုလိုမျိုး လူတွေကို အန္တရာယ်ကြုံစေတဲ့အတွက် တာဝန်ယူရမယ်” ဟု စီစဉ်သူမှ ရိုက်တာကိုပြောခဲ့ပြီး၊ အဆိုပါအဖြစ်အပျက်နှင့်စပ်လျင်း၍ အမေရိကန်နိုင်ငံမှ တာဝန်ရှိသူတစ်ဦးမှ “အမေရိကန်အစိုးရအနေဖြင့် Mazar-i-Sharif လေဆိပ်မှ ထွက်ခွါမည့် အမေရိကန်များရှိနေသည်ဆိုသည်ကို အတည်မပြုနိုင်သေးကြောင်း” ပြောကြားခဲ့သည်။

စင်းလုံးငှါးလေယာဉ်များနှင့်ပတ်သတ်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးအား မေးမြန်းရာ၌ မြေပြင်တွင် တာဝန်ခံနိုင်မည့်သူမရှိခြင်းကြောင့် အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။ လေယာဉ်တွင် လိုက်ပါမည့် အမေရိကန်နိုင်ငံသား အရေအတွက်၊ အခြားသူများ အရေအတွက်ကို မသိနိုင်သလို၊ လေယာဉ်များအား မည်သည့်နေရာတွင် ဆင်းသက်ခွင့်ပေးမည်ဆိုသည်ကိုလည်း အတိအကျ မသိနိုင်ခြင်းဖြစ်သည်ဟု ရိုက်တာမှ ဖော်ပြထားသည်။ “အာဖဂန်နစ်စတန်ကနေ ဒီလူတွေကို ထွက်ခွါခွင့်ပေးဖို့အတွက် တာလီဘန်တွေနဲ့ ဆွေးနွေးမယ်” ဟု တာဝန်ရှိသူမှ ပြောခဲ့ကြောင်းလည်း သိရသည်။ 

စက်တင်ဘာ (၅) ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ အမေရိကန်နိုင်ငံသားများနှင့် အာဖဂန်များ ပါဝင်သော လေယာဉ် (၆) စင်း Mazar-i-Sharif လေဆိပ်တွင် ပိတ်မိနေသည်ကို “ Fox News Sunday” သို့ အတည်ပြု ပြောကြားခဲ့ပြီး၊ တာလီဘန်များမှ ခရီးသွားများကို ဓားစာခံပြုထားပြီး တောင်းဆိုမှုများပြုလုပ်နေသည်ဟု ထုတ်ဖော်ပြောကြားခဲ့သော်လည်း အဆိုပါစွပ်စွဲချက်ကို အခြားသောသတင်းအရင်းအမြစ်များမှ ငြင်းပယ်ထားကြောင်းသိရသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

စက်တင်ဘာ ၆ ရက်၊ ၂၀၂၁

HTY Information 

#Photo_InternationalMedia - Mazar-i-Sharif လေဆိပ်တွင် ပိတ်မိနေသော လေယာဉ် ၆ စင်း

#Afghanistan

#Amarican

#HTY_Information

ပြည်ပရောက်မြန်မာနိုင်ငံသားများ ပြည်တွင်းပြန်လာပြီး အေးတူပူအမျှ အတူနေထိ...

HTY Information 2 months ago

မင်းအောင်လှိုင်ကို ASEAN Summit သို့တက်ရောက်ခွင့်မပေးရန် မလေးရှား၏ အဆိ...

HTY Information 1 month ago

လှိုင်သာယာမြို့နယ်အနောက်ပိုင်း (မထသဝန်းဟောင်းရှေ့) CNG Gas ဆိုင်အနီးတွ...

HTY Information 2 days ago

မင်းတပ်၊ ပလိပ်ထွီရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF မင်းတပ် တ...

HTY Information 3 months ago

NUG၊ CRPH၊ PDF များအား နေအိမ်တိုက်ခန်းများငှားရမ်းနေထိုင်ခွင့်ပြုသည်ကိ...

HTY Information 2 months ago