HTY Information 2 months ago

တာလီဘန်များမှ ဆန့်ကျင်သူများကိုချေမှုန်းနိုင်ပြီဟုကြေညာပြီးနောက် သေနတ်ပစ်ဖောက်အောင်ပွဲခံရာမှ လူ ၁၇ ဦးသေဆုံး

တာလီဘန်များမှ ၎င်းတို့ကိုဆန့်ကျင်သော နောက်ဆုံးလက်ကျန်အဖွဲ့များအား ချေမှုန်းနိုင်ခဲ့ပြီဟု ကြေညာပြီးနောက်၊ ယမန်နေ့ညပိုင်းက ကာဘူးလ်လေဆိပ်တွင် သေနတ်များပစ်ဖောက် အောင်ပွဲခံခဲ့ကြရာမှ အနည်းဆုံး (၁၇) ဦးသေဆုံးခဲ့သည်ဟု နိုင်ငံတကာသတင်းများ၏ ဖော်ပြချက်အရ သိရသည်။ အာဖဂန်နစ်စတန်အခြေစိုက်သတင်းဌာန နှစ်ခုဖြစ်သော Shamshad နှင့် Tolo News တို့၏ ထုတ်ပြန်ချက်အရ လူပေါင်း (၄၀) ခန့် ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

တာလီဘန်များမှ ၎င်းတို့၏ဆန့်ကျင်ဘက်အဖွဲ့အစည်းသူများခြေကုတ်ယူထားရာ ကာဘူးလ်မြို့မြောက်ပိုင်း Panjshir တောင်ကြားအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဟု ကြေညာခဲ့ပြီး၊ အဆိုပါတိုက်ပွဲတွင် (၁၀၀) ခန့်သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။ သို့သော်လည်း ဆန့်ကျင်ဘက်အဖွဲ့ခေါင်းဆောင်မှ တာလီဘန်များ၏ ပြောကြားချက်ကို ငြင်းဆိုထားခဲ့သည်။ ကာဘူးလ်နိုင်ငံမြောက်ပိုင်းရှိ Panjshir တောင်ကြားတွင် ဒေသတွင်းစစ်သွေးကြွများနှင့် ယခင်အစိုးရအဟောင်းမှ စစ်သားများ ပူးပေါင်း၍ တပ်စွဲထားခြင်းဖြစ်သည်။ 

အကယ်၍ တာလီဘန်များမှ Panjshir တောင်ကြားကို အမှန်တကယ်သိမ်းယူနိုင်ခဲ့ပါက အာဖဂန်နစ်စတန် တနိုင်ငံလုံးအား ထိန်းချုပ်နိုင်မည်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် နိုင်ငံအစိုးရသစ်မဖွဲ့မှီ ဆန့်ကျင်သူများအား အပြီးသတ်ချေမှုန်းသွားရန် ဆုံးဖြတ်ထားကြပုံရသည်ဟုလည်း နိုင်ငံတကာသတင်းများမှ သုံးသပ်ထားသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

စက်တင်ဘာ ၄ ရက်၊ ၂၀၂၁

HTY Information 

#Photo_Credit - ကာဘူးလ်မြို့ Panjshir တောင်ကြားတွင် ခြေကုတ်ယူထားသော တာလီဘန်ဆန့်ကျင်ရေး တပ်ဖွဲ့များ

#Taliban

#PanjshirValley

#Afghanistan

#HTY_Information

သြဂုတ်လအတွင်း KNU ထိန်းချုပ်နယ်မြေ၌ တိုက်ပွဲပေါင်း နှစ်ရာကျော် ဖြစ်ပွ...

HTY Information 2 months ago

ဂျပန်တွင် ဟောလိုဝင်းည ဂျိုကာလိုဝတ်၍ ရထားပေါ်ရှိသူများကိုဓားဖြင့်ထိုး၊...

HTY Information 3 weeks ago

အာဖဂန်နစ်စတန်တွင် ဖြစ်ပျက်နေသောအရာများသည် အမေရိကန်ကို အရှက်ရစေသည်ဟုဆို...

HTY Information 3 months ago

စစ်ကောင်စီအထိနာခဲ့သည့် ပင်လယ်ဘူးတွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းသု...

HTY Information 2 months ago

စစ်ကောင်စီလက်ထက် ကိုဗစ်အကြောင်းပြ၍ပိတ်ခဲ့သော စာသင်ကျောင်းများကို ကိုဗစ...

HTY Information 1 month ago