စစ်ကောင်စီက ပြည်သူအာဏာအားအတင်းအဓမ္မသိမ်းယူ လိုက်ချိန်မှစ၍ ဌာနဆိုင်ရာအသီးသီးမှ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု CDM မှာပါဝင်ခဲ့ကြသော ပညာရေးဝန်ထမ်းများအား ၎င်းရဲ့လက်အောက်မှာ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ စစ်ကောင်စီက ထုတ်ပြန်စည်းရုံး လာပါသည်။
အဆိုပါ စည်းရုံးထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီက အနာဂတ်၏ ခေါင်းဆောင်ဖြစ်လာမည့် မျိုးဆက်သစ် လူငယ်များရဲ့ပညာအရည်အချင်းမြှင့်မားရေးလုပ်ဆောင်ရာတွင် အခြေခံပညာရေးကအဓိက ကျတဲ့အတွက် CDM ပြုလုပ်ထားသော ဆရာ ဆရာမများပြန်လာကြဖို့ ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့်ဖြစ်စေ၊ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့မိတာကြောင့်ဖြစ်စေ၊ စိုးရိမ်ကြောင့်ကြမှုတွေကြောင့်ဖြစ်စေ တာဝန်ကနေ ကင်းကွာခဲ့တဲ့ ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းစည်းကမ်းနဲ့ အရေးယူခံထားရတဲ့ ဆရာ၊ဆရာမတွေအနေနဲ့ နိုင်ငံသားမျိုးဆက်သစ်လူငယ်တွေအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ ဟူတဲ့ နာသုံးနာကို ရှေးရှုပြီး သင်ကြားရေးတာဝန်တွေကို ပြန်လည်ထမ်းဆောင်နိုင်ဖို့ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းရှိရာ မြို့နယ်ပညာရေးမှူးရုံးကိုဖြစ်စေ၊ လက်ရှိနေထိုင်ရာဒေသက မြို့နယ်ပညာရေးမှူးရုံးကို အခု မေလ ၃၁ ရက်နေ့မတိုင်မီ သတ်မှတ်ပုံစံဖြည့်စွက်ကာ အယူခံဝင်ပေးဖို့ ဖော်ပြထားပါတယ်။
ဒါပြင် CDM ပြုလုပ်ထားသော ကာလများတွင် ရာဇဝတ်မှုကျူးလွန်ထားသူတွေမှအပ လစာမဲ့ခွင့်အဖြစ် သတ်မှတ်ပေးမယ်လို့ဖော်ပြထားပြီး အခြေခံပညာကျောင်းတွေကို လာမယ့် ဇွန်လ ၂ ရက်နေ့မှာ ပြန်လှည်ဖွင့်လှစ်မည်လို့ မဲဆွယ် စည်းရုံထားပါသည်။
မေလ ၁၇ ရက် ၊ ၂၀၂၂
#စစ်ကောင်စီ
#CDMteachers
#HTY_Information