စစ်ကောင်စီက PDF များလက်နက်အပ်ပြန်လည်ရောက်ဖို့ထုတ်ပြန်ပြီး ရက်ပိုင်းမှာဘဲ PDF တွေဝင်ရောက်လာတယ်လို့ ထုတ်ပြန်လာ

အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လ (၁၁)ရက်နေ့မှာ PDF တပ်ဖွဲ့ဝင်များ လက်နက်အပ်နှံပြီး ပြည်သူအဖြစ်ပြန်လည်ဝင်ရောက်လိုပါက ကြိုဆိုတယ်လို့ ထုတ်ပြန်လိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ PDF Readymade တွေစတင်ဝင်ရောက်လာတယ်လို့ သတင်းတွေပျံ့နှံ့လာခဲ့ပါသည်။

ဒါပြင် အဲ့ဒိထုတ်ပြန်ချက် ထုတ်ပြန်ပြီး ဒီကနေ့ ၁၀ ရက်တိတိ ပြည့်ခဲ့တဲ့အခါမှာတော့ ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် အချို့မှာ ပြန်လည်အလင်းဝင်လာသော PDF (၆၆)ဦးအထိရှိပြီလို့ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့အပေါ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ယခုလိုပြောပါတယ်။

"ဒါနဲ့ပတ်သက်ပြီး ပြောနေဖို့တောင်မလိုဖူးထင်တယ်ဗျ စစ်တပ်ကထုတ်တဲ့ သတင်းအမှန်ရှိရင် ကျွန်တော်တို့မှမဟုတ်ဖူး ပြည်သူတွေလည်းဖတ်ချင်ကြမှာပါ အဲ့တော့သူတို့ထုတ်ပြန်ချက်အပေါ် ဒီလောက်ပဲပြောချင်ပါတယ်။ အဓိကကတော့ PDF ဆိုတာ ခေတ်အဆက်ဆက်အရိုးစွဲနေတဲ့ ဘုရင်ကို သတ်ရင် ဘုရင်ဖြစ်မယ်ထင်နေတဲ့ ပြည်တွင်းစနစ်ဆိုး အာဏာရှင်စနစ်ဆိုးကို နောင်လာနောက်သားတွေထိမပါအောင် တိုက်ဖြတ်ပစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုထဲနဲ့ ပေါ်ပေါက်လာတဲ့အဖွဲ့အစည်းတွေဖြစ်ပါတယ်။ နောက်ပြီး ဒီအဖွဲ့ဝင်တွေဟာ မြို့ပြပညာတတ်တွေဖြစ်ကြပါတယ် (၄)တန်းတောင်မအောင်ဘဲ ပုခုံးပေါ်အပွင့်ရောက်နေတဲ့ ကောင်တွေထက်တော့ သေချာပေါက်အသိညဏ်ရှိပါတယ် ဒါကြောင့် သူတို့ရဲ့ထုတ်ပြန်ချက်ဟာ ရီစရာတောင်မကောင်းနေပါဘူး " လို့ ကာကွယ်တပ်ရဲ့ ပြောခွင့်ရတစ်ဦးကဆိုပါတယ်။

စစ်ကောင်စီကတော့ နေရပ်ပြန်ခွင့်တောင်း ခံဝင်ထိုးအလင်းဝင်လာတဲ့ PDF တပ်ဖွဲ့ဝင်တွေဟာ ရန်ကုန်တိုင်း (၅)ဦး၊ မန္တလေးတိုင်း (၂၄)ဦး၊ မကွေးတိုင်း (၁၃)ဦး၊ စစ်ကိုင်းတိုင်း (၇)ဦး၊ ဧရာဝတီတိုင်း (၁၁)ဦးနဲ့ ပဲခူးတိုင်း (၆)ဦးတို့ဖြစ်ပြီး (၁၀)ရက်တာကာလအတွင်း ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း (၆၆)ဦးထိရှိပြီလို့ ထုတ်ပြန်ဖော်ပြထားပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဇွန်လ ၂၁ ရက် ၊ ၂၀၂၂


#စစ်ကောင်စီ

#PDFအလင်းဝင်

#HTY_Information

စက်ရုံအလုပ်ရုံများတွင် ကာကွယ်ဆေးထိုးနှံရန် စာရင်းပေးသွင်းမှု နည်းပါးသဖ...

HTY Information 9 months ago

ငြိမ်းချမ်းစွာဆန္ဒပြသူများကို ကားဖြင့်တိုက်သတ်ခြင်းဟာ လူသားစားလူရိုင်း...

HTY Information 6 months ago

သန်လျင်တံတားအဆင်းရှိ စစ်ကောင်စီဂိတ်နှင့် တိုင်းရင်းသားကျေးရွာအနီး မီးပ...

HTY Information 7 months ago

လှိုင်သာယာမြို့နယ် အမှတ် (၁၉) ရပ်ကွက် ရာအိမ်မှူးအား သေနတ်ဖြင့်ပစ်ခတ်မှ...

HTY Information 1 year ago

နောက်ဆုံးအသုတ်စစ်သားများ အာဖဂန်မှထွက်ခွါခဲ့ပြီးနောက် အမေရိကန်သမိုင်းတလ...

HTY Information 9 months ago