"စစ်အုပ်ချူပ်ရေး ၂ နှစ်ထက် ပိုမကြာနိုင်ကြောင်းဇော်မင်းထွန်းပြော

စစ်ကောင်စီမှ အုပ်ချုပ်ရေးကောင်စီရဲ့ နိုင်ငံတော် အရေးပေါ် ကာလ ကြေညာတဲ့ သက်တမ်းဟာ အလွန်ဆုံး သက်တမ်း ၂ နှစ်ထက်ပိုမှာမဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ အာဏာကို ထိန်းသိမ်းထားတာဖြစ်တဲ့အတွက် ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပမှာဖြစ်သလို အနိုင်ရတဲ့သူကို အာဏာလွှဲပေးမယ့်အကြောင်း စစ်တပ်အုပ်ချုပ်ရေး ကောင်စီ ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထပ်မံ ကတိပေးပြောဆိုပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပေမယ့် မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့အနေနဲ့ မကြာခင် လုပ်ငန်းဆောင်တာတွေ အပြည့်အဝ လည်ပတ်နိုင်တော့မယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

"ဘယ်လိုပဲ ပြောပြော အရေးပေါ်ကာလ ကြေ ငြာတာသည် ၂ နှစ်အတွင်းမှာ ပြီးကိုပြီးရမယ်။ ၂ နှစ်အတွင်းမှာတော့ ရွေးကောက်ပွဲလုပ်ကိုလုပ်ရမယ်လို့ ဒီလိုပြောခြင်းဖြစ်တယ်။ ၂ နှစ်အတွင်းမှာ ရွေးကောက်ပွဲလုပ်ကိုလုပ်ရမယ်။ ၂ နှစ်အတွင်းမှာတော့ ရွေးကောက်ပွဲ နဲ့ ပတ်သက်တဲ့ အနိုင်ရရှိတဲ့သူတွေကို နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။"

သို့ပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလကိုသက်တမ်းထပ်တိုးလိုကတိုးနိုင်ကြောင်းပါပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းခဲ့တဲ့အချိန်တုံးကတော့ တစ်နှစ်အကြာမှာ ရွေးကောက်ပွဲကျင်းပပြီး ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို အာဏာလွှဲပြောင်းပေးမယ်လို့စစ်ကောင်စီတပ် အုပ်ချုပ်ရေးကောင်စီက ကြေညာခဲ့ပါတယ်။

ပြင်ပသွင်းကုန်များပိတ်ပြီး ဘယ်သူမှမသုံးတဲ့ ပြည်တွင်းစစ်တပ်ထုတ်ကုန်များ...

HTY Information 7 months ago

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်...

HTY Information 1 month ago

ဆရာဝန်၊အနုပညာရှင်နှင့်လုပ်ငန်းရှင်အချို့အား ပုဒ်မ505(က) ဖြင့် ဖမ်းဆီး...

HTY Information 9 months ago

ပြည်သူတွေအနေနဲ့ ဆန်စားသုံးမှုကိုလျော့ချပြီး စားသုံးမှုပုံစံပြောင်းကြဖိ...

HTY Information 2 months ago

လှိုင်သာယာမြို့နယ် ရပ်ကွက်ဧည့်စာရင်းရုံး ဗုံးပေါက်ကွဲ၍ ရာအိမ်မှူးအပါအဝ...

HTY Information 1 week ago