HTY Information 8 months ago

စစ်အုပ်ချုပ်ရေးကြေညာချက်ထုတ်ပြန်ထားသော လှိုင်သာယာတွင်နေ့စဉ် ခိုးမှု၊ လုမှု၊ လောင်းကစားမှုများပို၍ကျယ်ပြန့်လာ

စစ်ကောင်စီက မတ်လ ၁၄ ရက်နေ့မှစတင်၍ လှိုင်သာယာမြို့နယ်အပါအဝင် မြို့နယ် (၆)မြို့နယ်အား စစ်အုပ်ချုပ်ရေးနယ်မြေများအဖြစ်ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဩဂုတ်လလ (၂၈)ရက်နေ့တွင်လည်း အထူးကြပ်မတ်ဆောင်ရွက်ရမည့်မြို့အတော်အဖြစ်ပါဝင်လာခဲ့သည်။

ယင်းသို့ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပြီးနောက် လှိုင်သာယာမြို့မယ်နေရာအနှံ့အပြားတွင် ပေါ်ပေါ်တင်တင်လောင်းကစားဝိုင်းများ၊ နေ့ခင်းကြောင်တောင်လုယက်မှု၊ ညမထွက်ရအမိန့်ထုတ်ပြန်ထားချိန်ခိုးမှုများ ယခင်ကထက်ပို၍များပြားလာခဲ့ပြီး နေ့စဉ်ဆိုသလို ဆိုင်ကယ်၊ သုံးဘီး၊ စက်ဘီးများကအစ ခိုးယူခံနေရပြီး ပြည်သူအများခိုကိုးရာမဲ့နေကြရကြောင်း သတင်းပေးပို့မှုများအရသိရသည်။

ဒါပြင်လူစည်းကားရာနေရာများတွင်ပါမကျန် ဓားထောက်လုယက်မှုများ အုပ်စုဖွဲ့၍ လောင်းကစားဝိုင်းများ ယခင်ကထက်ပို၍စည်းကားလာခဲ့ပြီး လက်ပေးလက်ယူကိစ္စများဖြင့် လွတ်လပ်စွာတည်ရှိလာခဲ့ပါသည်။

အဆိုပါ ဒုစရိုက်မှုများသည် လှိုင်သာယာမြို့နယ်တွင်သာမက အနယ်နယ်အရပ်ရပ်တွင်ရှိနေခဲ့သော်လည်း လှိုင်သာယာမြို့နယ်တွင် နေစဉ်ဆိုသလို ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်ပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


စတင်ဘာလ ၃ ရက်၊ ၂၀၂၁


#လှိုင်သာယာ #ဒုစရိုက်မှုများ

#ဓာတ်ပုံ_FM

#HTY_Information

မြန်မာနိုင်ငံအရေး ASEAN အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းဒုနိုင်ငံခြားရေ...

HTY Information 9 months ago

အာဆီယံအထူးကိုယ်စားလှယ် NUG နဲ့ တွေ့ဆုံရေးကို ကန့်ကွက်တယ်လို့ စစ်ကောင်စ...

HTY Information 2 months ago

ဒေါ်လာဈေးကျဆင်းရန်ဟုဆိုခါ ဗဟိုဘဏ်မှ တစ်ပတ်အတွင်း ဒေါ်လာ သန်း၄၀ ထုတ်ရော...

HTY Information 7 months ago

NUG နှင့် CRPH အားတရားဝင်အသိအမှတ်ပြုရေး ဥရောပသမဂ္ဂပါလိမန်တွင် မဲခွဲဆုံ...

HTY Information 7 months ago

ကြံ့ခိုင်ရေးပါတီ ဆိပ်ကမ်းအမတ်ဟောင်း ဦးနေမျိုးအောင် သေနတ်ပစ်သတ်ခံရ

HTY Information 11 months ago