စက်ရုံအလုပ်ရုံနှင့် ကိုယ်ပိုင်လုပ်ငန်းအများစု ပြိုလဲပိတ်သိမ်းနေရသော်လည်း စစ်ကောင်စီက မြန်မာ့စီးပွါးရေးတိုးတက်ဆဲဟုဆို

လှိုင်သာယာမြို့နယ်တွင်သာမက မြန်မာနိုင်ငံ အရပ်ရပ်တွင် စစ်ကောင်စီမှအာဏာသိမ်းယူပြီးနောက်ပိုင်း အလုပ်သမားပေါင်း ထောင်နှင့်ချီလုပ်ကိုင်နေကြသော စက်ရုံအလုပ်ရုံများမှစ၍၊ SME အသေးစား၊အလတ်စား လုပ်ငန်းများ ပြိုလဲပိတ်သိမ်းနေရသော်လည်း၊ အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ၎င်းတို့အာဏာသိမ်းယူပြီးနောက်ပိုင်း မြန်မာနိုင်ငံအခြေအနေနှင့် မြန်မာ့စီးပွါးရေးသည် သိသိသာသာတိုးတက်လာခဲ့ကြောင်း ပြည်တွင်းသတင်းစာရှင်းလင်းပွဲများနှင့် ပြင်ပတွေ့ဆုံပွဲများတွင် ပြောဆိုနေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် စီပွါးရေးလုပ်ငန်းအများစုသည် Covid-19 စတင်ဖြစ်ပွားချိန်မှစ၍ လည်ပတ်မှုယိုင်နဲ့နေခဲ့ကြပြီး၊ ရောဂါပိုးထိန်းချုပ်လာနိုင်ခဲ့ချိန် ပြန်လည်စတင်ရုန်းကန်နေကြဆဲ ကာလအတွင်း၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာစတင်သိမ်းချိန်မှစပြီး တစ်ဖြည်းဖြည်း ပြန်လည်ဆုတ်ယုတ်လာခဲ့ရာ၊ ယခု အာဏာသိမ်းယူပြီး (၅) လကြာမြင့်လာချိန်တွင် လုပ်ငန်းအများစုမှာ မလည်ပတ်နိုင်တော့ပဲ ပိတ်သိမ်းနေကြရခြင်းဖြစ်သည်။ 

စီးပွားရေး တစ်ဖြည်းဖြည်းပြိုလဲလာခဲ့ခြင်းကြောင့် နိုင်ငံအတွင်း အလုပ်လက်မဲ့ရာခိုင်နှုန်းများလားခဲ့ပြီး၊ ကုန်ဈေးနှုန်း မြင့်တက်လာသည်နှင့်အမျှ ပျံကျဈေးသည်များပါ ပျောက်ကွယ်လာကြ၍ စားဝတ်နေရေး လွန်စွာခက်ခဲလာကြသည်။

ယခုကဲ့သို့ ပြည်သူအများ အခက်ခဲပေါင်းများစွာဖြင့် ရင်ဆိုင်နေရသော်လည်း လက်ရှိအာဏာသိမ်းစစ်ကောင်စီမှ နိုင်ငံတိုးတက်လာကြောင်းကိုသာ ပြောဆိုမြဲ၊ပြောဆိုဆဲဖြစ်ပြီး ၎င်းတို့ပြောဆိုသော တိုးတက်လာမှုသည် မည်သည့်အရာကို ဆိုလိုနေပါသနည်းဟု ပြည်သူအများအတွက်တော့ စဉ်းစားတွေးတောစရာ ပဟေဠိတစ်ခုသာ ဖြစ်နေခဲ့ပါသည်။

ဇူလိုင်လ ၁ရက်၊ ၂၀၂၁

#HTY_Information 

စစ်တပ်ကဦးစီးကျင်းပတဲ့ ဈေးရောင်းပွဲတော်ကို စစ်တပ်အသိုင်းအဝိုင်းက မဖြစ်မ...

HTY Information 6 months ago

အကြမ်းဖက်စစ်တပ်မှ ၎င်းတို့ကိုဆန့်ကျင်သူများကို အကြမ်းဖက်သမားများဟု ခေါ...

HTY Information 6 months ago

ကန်ဒေါ်လာ ၄၅သန်း ရင်နှီးမြှပ်နှံထားသော နိုင်ငံတကာအဆင့်မှီ Kempinski Ho...

HTY Information 9 months ago

အာဏာသိမ်းစစ်ကောင်စီလက်ထက် ဘာသာရပ် (၃)ခု ရမှတ်ကိုကြည့်၍ ဆေးတက္ကသိုလ်ဝင်...

HTY Information 4 months ago

ဘုံသဘောတူညီချက် ၅ ခု မလုပ်မချင်း မြန်မာကို အာဆီယံ အစည်းအဝေး မဖိတ်ဖို့...

HTY Information 6 months ago