HTY Information 11 months ago

စက်ရုံအလုပ်ရုံများတွင် ကာကွယ်ဆေးထိုးနှံရန် စာရင်းပေးသွင်းမှု နည်းပါးသဖြင့် အလုပ်ရှင်နှင့် တာဝန်ရှိသူများအား စစ်ကောင်စီက ဖိအားပေး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ စက်ရုံအလုပ်ရုံများတွင် ဩဂုတ်လ ၁၃ ရက်နေ့တွင် စက်ရုံအချို့မှစတင်၍ ကိုဗစ် ကာကွယ်ဆေးထိုးရန် စစ်ကောင်စီက စာရင်းကောက်ခံခဲ့သော်လည်း စက်ရုံဝန်ထမ်းအများစုက လက်မခံခဲ့ကြကြောင်းသိရသည့်အတွက် စက်ရုံပိုင်ရှင်၊ လုပ်ငန်းရှင်နှင့် တာဝန်ရှိသူများကို စစ်ကောင်စီမှ ဖိအားပေးမှုများရှိနေခဲ့ကြောင်းသိရသည်။

" သူတို့က အရင်အစည်းအဝေးခေါ်တယ်ဗျ ကာကွယ်ဆေးထိုးဖို့ကိစ္စပေါ့ ဒီလ ၁၃ ရက်နေ့ကပါ စက်ရုံမှာရှိတဲ့ဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးဖို့တိုက်တွန်းရမယ် ပြီးရင်စာရင်းပြုစုပြီး သူတို့ဆီတင်ပြရမယ် ခက်တာက ဘယ်လိုပဲစည်းရုံးစည်းရုံး စက်ရုံမှာ ( ဝန်ထမ်း ၁၀၀၀ ရှိရင် ထိုးချင်တဲ့သူက ၁၀% နှုန်းတောင်မပြည့်ဘူး) အဲ့ဒါရုံအများစုပဲ အဲ့တော့ ဒီလ (၃၁)ရက်နေ့ နောက်ဆုံးစာရင်းထပ်ပို့ပေးရမယ်ပြောတယ် အဲ့စာရင်းမှာမှ ဒီလိုပဲ ထိုးတဲ့သူ မရှိဖူးဖြစ်နေရင် ကိုဗစ်ရောဂါဖြစ်လာတဲ့အခါ စက်ရုံပိတ်ပစ်မယ်လို့ ပြောသွားတယ် အဲ့လိုဆိုတော့ အတင်းဝန်ထမ်းတွေဖိအားပေးရမလိုဖြစ်နေပြီဟု " စက်ရုံရှိတာဝန်ရှိသူတစ်ဦးက HTY Information သိုပြောသည်။

ဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စက်ရုံအများစုအား စုံစမ်းသတင်းရယူခဲ့ပြီး အများစုမှာ ထိုးနှံဖို့စာရင်းပေးသူနည်းပါးကြသည့်အတွက် စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စက်ရုံကို လာပြီးဖိအားပေးပြောဆိုတာတွေ ဖုန်းဆက် စာပို၍ ဖိအားပေးတာတွေပါ ရှိနေခဲ့ကြောင်းသိရပြီး ဝန်ထမ်းအများစုမှာလည်း ထိုးနှံဖို့ဆန္ဒမရှိကြကြောင်းသိရသည်။

စစ်ကောင်စီသည် ကိုဗစ် ကူးစက်ပြန့်ပွားမှုအား တားဆီးထိန်းချုပ်ရန်ဟုဆိုက WHO နှင့်အနောက်နိုင်ငံအများစုမှ အသိအမှတ်မပြုထားသော ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးအမြောက်အများ ဝယ်ယူခဲ့ကြပြီး ပြည်တွင်းကူစက်မှုကိုတားဆီးရန်ကြိုးပမ်းနေခဲ့သလို မြန်မာပြည်တွင်း ကိုယ်တိုင်ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် လက်ရှိချိန်ထိ ကြိုးပမ်းလျှက်ရှိကြောင်းသိရှိရပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဩဂုတ်လ ၃၁ရက်၊ ၂၀၂၁


#စက်ရုံ

#Covid_19

#HTY_Information 

စမတ်ကဒ်ရထားပြီးသား ကျူးကျော်နေအိမ်များကို အနိုင်ကျင့်ဖျက်ခိုင်းပြီးနော...

HTY Information 4 months ago

လွိုင်​ကော်တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး ​သေဆုံးပြီး...

HTY Information 11 months ago

အီဘိုလာနှင့် မျိုးရိုးတူသော သေဆုံးနှုန်းမြင့်သည့် Marburg ရောဂါပိုးကြေ...

HTY Information 1 year ago

မဲများသူအနိုင်ရတဲ့စနစ်ဟာ မျှတမှုမရှိခြင်းကြောင့် PR စနစ်သို့ပြောင်းလဲရ...

HTY Information 9 months ago

လှိုင်သာယာမြို့အဝင် အောင်ဇေယျ(ကြိုးတံတားအဆင်း လောင်စာဆီတင်ယာဉ်ကားတစ်စီ...

HTY Information 11 months ago