ပြည်သူတွေအနေနဲ့ ဆန်စားသုံးမှုကိုလျော့ချပြီး စားသုံးမှုပုံစံပြောင်းကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်တိုက်တွန်း

ဒီကနေ့ နိုဝင်ဘာလ (၁)ရက်နေ့ အာဏာသိမ်းတာ (၉)လပြည့်အထိမ်းအမှတ်ဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ မိန့်ခွန်းပြောကြားသွားခဲ့ပြီး အဆိုပါမိန့်ခွန်းတစ်ရပ်တွင် ပြည်သူတွေအနေနဲ့ ဆန်စားသုံးမှုကိုလျော့ချပြီး စားသုံးမှုပုံစံပြောင်းကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်တိုက်တွန်းသွားခဲ့ပါသည်။

" ပြည်သူများကို တိုက်တွန်းချင်တာ တစ်ခုရှိပါတယ်။ စားသုံးမှုပုံစံပြောင်းလဲရေးပါ။ ကျွန်တော်တို့နိုင်ငံဟာ ဆန်ကိုအဓိကထား စားကြတာဖြစ်ပါတယ်။ တစ်ချို့က နှစ်နပ်စားပါတယ်။ တစ်ချို့လည်း သုံးနပ်စားပါတယ်။ ဆန်ကိုအဓိကထားစားတဲ့အတွက် ဆန်ကရတဲ့ အဟာရတော့ ပိုပြီးရှိပါတယ်။ ဒါပေမဲ့ ဗိုက်ဝဖို့ အဓိကထားစားတဲ့အတွက် ခန္တကိုယ်အတွက် လိုအပ်တဲ့ အဟာရကို ပြည့်ပြည့်ဝဝ မရပါဘူး။ ဒါကြောင့် ဆန်စားသုံးမှုကို လျော့ချပြီး စားသုံးပုံစံပြောင်းကြဖို့ တိုက်တွန်းလိုပါတယ်" ဟု ဆိုပါသည်။

ဒါပြင် ဆီသုံးစွဲမှုကိုလည်းလျော့ချရန် စက်သုံးဆီနှင့် စားအုန်းဆီ ဆီ ၂ ဆီအားလျှော့ချသုံးစွဲကြရန်ပြော ကြားခဲ့ပြီး ပြည်တွင်းခရီးသွားရာတွင် မီးရထားနှင့် ဘတ်စ်ကားကိုအားပေးကြပါ ဟု မှာကြားခဲ့ ကြောင်းသိရပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


နိုဝင်ဘာလ ၁ ရက်၊ ၂၀၂၁


#အာဏာသိမ်းစစ်ခေါင်းဆောင်

#မိန့်ခွန်း

#HTY_Information

မုံရွာမြို့စစ်ဆေးရေးဂိတ် ဗုံးဖောက်ခွဲမှုတွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးသေ ၃ ဦ...

HTY Information 4 months ago

သံလွင်မြစ်နှင့် ကျောက်မီးသွေးတို့အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်ရန် အာဏာသိမ...

HTY Information 3 months ago

အမရပူရတွင် စစ်ကားတစီး ဗုံးခွဲတိုက်ခံရပြီးနောက် မြို့ဝင် မြို့ထွက် ပိတ်...

HTY Information 4 months ago

ရန်ကုန်ရှိအောင်ဆန်းဘောလုံးကွင်းကို မြေအောက်လမ်း ဥမင်လမ်းများထည့်သွင်းအ...

HTY Information 3 months ago

မင်္ဂလာဒုံ ထွေအုပ်ရုံး နှစ်ပတ်လည်အခန်းအနားကျင်းပနေစဉ် ပစ်ခတ်ခံရ၍ ကင်းစ...

HTY Information 2 months ago