ပြည်သူများစည်းလုံးမှုမရှိပဲ ပြည်ပအားကိုးခဲ့တဲ့အတွက် လွတ်လပ်ရေးဆုံးရှုံးခဲ့တာတွေကို လူငယ်တွေသိစေလိုတယ်ဟုဆို

ယမန်နေ့ အောက်တိုဘာလ (၁၂)ရက်နေ့ က နေပြည်တော်တွင်ကျင်းပပြုလုပ်ခဲ့သော (၇၄) နှစ်မြောက် လွပ်လပ်ရေးနေ့ကျင်းပရေး အစည်းအဝေးမှာ ပြည်သူများ စည်းလုံးညီညွှတ်မှုမရှိဘဲ ပြည်ပအားကိုးခဲ့တဲ့အတွက် လွပ်လပ်ရေးဆုံးရှုံးခဲ့ရတာတွေကို လူငယ်တွေသိရှိစေရန်လိုတယ်ဟု စစ်ကောင်စီ၏ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဗိုလ်မှူးကြီးစိုးဝင်း က ပြောကြားခဲ့ပါသည်။

"ပြည်သူများစည်းလုံးညီညွှတ်မှုရှိပြီး စနစ်တကျဖွဲ့စည်းထားသည့် ခေတ်မီတပ်မတော်ရှိလျှင် နိုင်ငံအင်အားတောင့်တင်းမှာဖြစ်ပြီး ပြည်သူအချင်းချင်း မင်းညီမင်းသားအချင်းချင်း ညီညွှတ်မှုမရှိဘဲ ပြည်ပအားကိုးခဲ့သည့်အတွက် လွပ်လပ်ရေးဆုံးရှုံးခဲ့ရတာဖြစ်တယ်ဟု" ၎င်းကဆိုသည်။

သည့်အတွက်ကြောင့် ခေတ်လူငယ်တွေနဲ့ ပြည်သူအများသိရှိနိုင်စေရန် ရုပ်သံ၊ Video၊ ဆောင်းပါးနှင့် စာစောင်များတွင် ပြည်သူအများ သတိပြုမိစေရန် ထည့်သွင်းဖော်ပြရန်လိုအပ်သည်ဟုဆို၍ စာသင်ကျောင်းများတွင် လွတ်လပ်ရေးနဲ့ပတ်သက်သော ပြိုင်ပွဲများပြုလုပ်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီကသာ ရုရှား၊ တရုတ်၊ ယူကရိန်းတို့ထံမှာ အားကိုးအားထား အထောက်အပံ့များရယူ၍ နိုင်ငံအနှံအပြားကို စစ်မြေပြင်သဖွယ် ပြုလုပ်ပြီး ယနေ့တိုင် လက်နက်အားကိုးဖြင့် နိုင်ငံအနှံ့အပြားတွင် ပစ်ခတ်သတ်ဖြတ်နေဆဲဖြစ်ပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၁


#HTY_Information 

မြန်မာ့နွေဦးတော်လှန်ရေးအတွက် ကိုကျားပေါက်၏ Doodle Art Ukulele အမေရိကန်...

HTY Information 5 days ago

အရည်အသွေးအကောင်းဆုံး တာယာများထုတ်လုပ်နေသော BRIDGESTONE လည်း မြန်မာနိုင...

HTY Information 3 months ago

တိုင်းရင်းသား လက်နက်ကိုင်များတည်ရှိရာနေမြေများသို့ စစ်ကောင်စီမှ အင်အား...

HTY Information 1 month ago

အင်ဒိုနီးရှား၊ ဂျာဗားကျွန်းအနောက်ပိုင်းမှာ အကျဉ်းထောင်မီးလောင်မှုကြောင...

HTY Information 1 month ago

မြန်မာနိုင်ငံတွင် Covid အသွင်ပြောင်းပိုး ၃မျိုးတွေ့ရှိ

HTY Information 4 months ago