ပြည်သူများငြိမ်းချမ်းရေးအရသာခံစားသိရှိစေဖို့ကြိုးပမ်းခဲ့ပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ မျှော်မှန်းထားသလိုမဖြစ်လာခဲ့ဘူးဟု စစ်ခေါင်းဆောင်ဆို

မြန်မာပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးရဲ့အရသာ ဒီမိုကရေစီရဲ့အနှစ်သာရ မခံစားရသေးတာကြောင့် ပြည်သူများငြိမ်းချမ်းရေးအရသာခံစားသိရှိစေဖို့ကြိုးပမ်းခဲ့ပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ မျှော်မှန်းထားသလိုမဖြစ်လာခဲ့ဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ကောင်စီအစည်းအဝေးတွင် ပြောကြားသွားခဲ့ပါတယ်။

"ယခုနှစ်ဟာ စိန်ရတုပြည်ထောင်စုနေ့ဖြစ်ပြီး လာမဲ့ ၂၀၂၃ ခုနှစ်ဟာ စိန်ရတု လွတ်လပ်ရေးနေ့လည်းဖြစ်ပါတယ် ဒီအတွက် ပြည်သူတွေအနေနဲ့ ယနေ့တိုင် ငြိမ်းချမ်းရေးရဲ့အရသာ ဒီမိုကရေစီရဲ့အနှစ်သာရ မခံစားရသေးတာကြောင့် မိမိတို့အနေနဲ့ ငြိမ်းချမ်းရရှိစေဖို့ အဖွဲ့အစည်းအားလုံးက ကြိုးပမ်းဆောင်ရွက်ခဲ့ပေမဲ့ ကန့်သတ်ချက်အချို့ရှိနေတဲ့အတွက် ထိုက်သင့်သလောက် တိုးတတ်မှုမရှိလာဖူးလို့ " ၎င်းကဆိုပါတယ်။

ဒါပြင် KNU၊ KIA၊ KNPP စတဲ့ EAO တပ်ဖွဲ့တွေဟာ PDF၊ CRPHတို့နဲ့ ပတ်သတ်နေတဲ့အပြင် ပြည်ပနိုင်ငံတွေနဲ့ပတ်သက်ဆက်နွယ်နေလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမတက်ရောက်တာဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင်ကစွတ်စွဲပြောကြားထားပါသည်။

ယခုကျင်းပပြုလုပ်မဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက်ို NCA လက်မှတ်ထိုးထားသည့် ၇ ဖွဲ့နှင့် မထိုးထားသည့် ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့တက်ရောက်မှာဖြစ်ပြီး အဆိုပါအဖွဲ့များထဲမှာလည်း အဖွဲ့အစည်းအချို့က ဥက္ကဋ္ဌတွေကိုယ်တိုင် အကြောင်းကြောင်းကြောင့် မတက်ရောက်ကြပေမဲ့ ထိရောက်တဲ့အဖြေတစ်ခုထွက်လာဖို့ ကြိုးစားလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


မေလ ၁၃ ရက် ၊ ၂၀၂၂


#စစ်ကောင်စီ

#ငြိမ်းချမ်းရေးဆွေးနွေးပွဲ၂၀၂၂

#HTY_Information 

လှိုင်သာယာရှိကျူးကျော်နေအိမ်များအား ဖိအားပေးဖျက်သိမ်းနေမှုများ ချက်ချင...

HTY Information 5 months ago

လှိုင်သာယာမြို့နယ်က အဆင့်မြင့်ရပ်ကွက် ပီမိုးနင်းလမ်းပေါ်က ဖြို့ဖျက်ခံခ...

HTY Information 5 months ago

သတ်ဖြတ်ခြင်း မီးရှို့ဖျက်ဆီးခြင်းများနှင့် မိုင်းခွဲတိုက်ခိုက်ခြင်းမျာ...

HTY Information 7 months ago

အင်ဒို-US ပူးတွဲစစ်ဆင်ရေးလေ့ကျင့်မှု နှစ်နိုင်ငံအကြားသမိုင်းတလျှောက် အ...

HTY Information 9 months ago

လှိုင်သာယာမြို့အဝင် အောင်ဇေယျ(ကြိုးတံတားအဆင်း လောင်စာဆီတင်ယာဉ်ကားတစ်စီ...

HTY Information 8 months ago