ပြည်သူလူထုအနေဖြင့် စစ်ရေးသတိရှိရန်လိုကြောင်း KIO ပြန်ကြားရေးတာဝန်ခံမှ သတိပေးစကားဆို

ယနေ့မနက်ပိုင်းတွင် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) မှ မြန်မာနိုင်ငံတဝှမ်း စစ်အာဏာရှင်ကိုတော်လှန်ရန်အတွက် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးသည့်နောက်၊ တိုက်ပွဲများဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် စစ်ရေးသတိဝီရိယရှိကြပါစေရန် KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတိပေး ပြောကြားလိုက်သည်။

"ကေအိုင်အို ဗဟိုကော်မတီအနေနဲ့ ကြေညာချက်နဲ့ပတ်သက်လို့ သုံးသပ်တာ သဘောထားထုတ်ပြန်တာ မရှိသေးပါဘူး။ ဒါပေမဲ့ NUG ရဲ့ကြေညာချက်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထုတ်ပြန်တယ်ဆိုတော့ ပြည်သူလူထုလည်း စစ်ရေးသတိဝိရီယနဲ့တော့နေရမယ်လို့ ကျွန်တော်ပြောလိုပါတယ်။ နေရာတကာမှာ တိုက်ပွဲတွေလည်း ဖြစ်နိုင်ဖွယ်ရှိတာပေါ့။ အဲဒါကြောင့် မိသားစု လုံခြုံရေး တစ်ဦးတစ်ယောက် ပုဂ္ဂလိကလုံခြုံရေးတွေအားလုံးကတော့ နားစွံ့ပြီးမှ သတိဝီရိယနဲ့ နေဖို့တော့လိုမယ်လို့ အသိပေးလိုပါတယ်" ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ဗိုလ်မှူးကြီးနော်ဘူမှ “တိုက်ပွဲတွေကတော့ ဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ ပြည်သူလူထုတွေ ဘယ်လောက်ထိကြိုးစားမလဲ။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ PDF တွေ ပြောရမယ်ဆိုရင် NUG ရဲ့ ကာကွယ်ရေးတပ်တွေ ဘယ်လောက်ထိလုပ်ဆောင်နိုင်မလဲဆိုတဲ့အပိုင်းပေါ့နော်။ အဲ့မှာ မူတည်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သူတို့ကြေညာထားတယ်ဆိုတော့ တိုက်ပွဲကတော့ ဖြစ်မှာပါ" ဟု ပြောကြားခဲ့သည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယုတ်မာဆိုးဝါးသည့်စစ်ရာဇဝတ်မှုများကို ကျူးလွန်လေ့ရှိသဖြင့်၊ လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပေါ်လာပါက သက်ဆိုင်ရာကို သတိပေးတိုင်ကြားသင့်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက အကြံပြုခဲ့သည်။ 

"လူ့အခွင့်အရေးချိုးဖောက်တာမျိုးရှိလို့ရှိရင်တော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို သတင်းပေးဖို့တော့ လိုပါတယ်။ ဥပမာ မုဒိမ်းကျင့်တာတို့၊ နောက်ပြီး ပြည်သူတွေကို နှိပ်စက်တယ်၊ သတ်ဖြတ်တယ် လူမှုရေးနဲ့ ပတ်သတ်တဲ့ဟာတွေကို အားလုံးကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို သတင်းပေးဖို့ ဆက်သွယ်ဖို့က အရေးကြီးတဲ့ အရာဖြစ်ပါတယ်။ အားလုံးဝိုင်းပြီးကြိုးပမ်းဖို့ တာဝန်ရှိလာမှာ ဖြစ်ပါတယ်" ဟု သူက အကြံပြုပြောဆိုခဲ့သည်။ 

စက်တင်ဘာ ၇ ရက်၊ ၂၀၂၁

HTY Information 

#ကိုးကား_The74Media

#HTY_Information

လွတ်လပ်ပြီးအမှီအခိုကင်းသည့် သတင်းသမားများကိုကူညီပါ

HTY Information 3 months ago

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် စင်္ကာပူလူမျိုး လူမှုဗေဒ...

HTY Information 1 month ago

တပ်မဟာ(၅)နယ်မြေတွင် လေကြောင်းရန်ကြောင့် ပြည်သူများ ကတုတ်ကျင်းတူးအသင့်...

HTY Information 3 months ago

ဒေါ်လာဈေး ၁၇၀၀ ထိစံချိန်တင်မြင့်တက်လာသည့်အတွက် စီးပွားရေး လုပ်ငန်းများ...

HTY Information 3 months ago

Covid-19 မွေးဖွားရာ ဝူဟန်မြို့တွင် Covid ပြန်လည်ရောက်ရှိလာသောကြောင့် တ...

HTY Information 3 months ago