ပြင်သစ်နိုင်ငံ ကမ္ဘာ့ထိပ်တန်းဂျာနယ်လစ်ဓာတ်ပုံပွဲတွင် အမည်မသိမြန်မာဓာတ်ပုံဆရာ ဆုကြီးချီးမြှင့်ခံရ

ပြင်သစ်နိုင်ငံတွင် ကျင်းပပြုလုပ်သော နှစ်စဉ်အကြီးကျယ်ဆုံး ဂျာနယ်လစ်ဓာတ်ပုံပွဲဖြစ်သည့် “Visa Pour L’Image” ပွဲတွင် မြန်မာနိုင်ငံမှ အမည်မသိဓာတ်ပုံဆရာတစ်ဦး ထိပ်တန်းဆုရရှိခဲ့ကြောင်း France 24 သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

၎င်း၏လုံခြုံရေးအတွက် အမည်မဖော်ပြထားသော မြန်မာဓာတ်ပုံဆရာသည် မြန်မာနိုင်ငံတွင်းရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများ၊ ဖြိုခွင်းခံရမှုများကို မှတ်တမ်းတင်ရိုက်ကူးထားသော ဓာတ်ပုံများကိုပြပွဲတွင် ပါဝင်ပြသခဲ့ခြင်းဖြစ်ပြီး၊ ပြပွဲ၏ ဂုဏ်သိက္ခာအရှိဆုံးဆုဖြစ်သည့် “Visa d’Or for News” ဆုကို ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်သည်။ ၎င်း၏ကိုယ်စား The New York Times သတင်းဌာန၏ အာရှဓာတ်ပုံအယ်ဒီတာဖြစ်သူ Mikko Takkunen မှ ဆုလက်ခံရယူခဲ့ကြောင်း သိရသည်။

“သူက နိုင်ငံတွင်းမှာ အတော်ဆုံးဓာတ်ပုံဆရာတွေထဲက တစ်ယောက်ဖြစ်နိုင်ပါတယ်။ ဒီဆုကိုရတာ အရမ်းကို ဂုဏ်ယူပျော်ရွှင်နေပါတယ်” ဟု Mikko Takkunen မှ ကိုယ်စားပြောကြားခဲ့သည်။ မြန်မာဓာတ်ပုံဆရာ၏ မှတ်တမ်းများတွင် စစ်သားများမှ သေနတ်အစစ်များဖြင့် ပစ်ခတ်နေပုံများ၊ ဆန္ဒပြသူများမှ ကျောက်ခဲများကိုင်ထားပုံများ၊ သတ်ဖြတ်ခံရသူများ၏ မိသားစုများ၏ ပူဆွေးသောကများကို မှတ်တမ်းတင်ထားကြောင်း သိရသည်။ 

အဆိုပါ အမည်မသိ မြန်မာဓာတ်ပုံဆရာမှ “၎င်းရရှိသောဆုကို မြန်မာနိုင်ငံ၏ ခက်ခဲလွန်းသော အခြေအနေအောက်၌ လုပ်ကိုင်ရုန်းကန်လျက်ရှိသော ဘဝတူ သတင်းသမားများ၊ ဓာတ်ပုံသမားများအတွက် ရည်ရွယ်ပါသည်” ဟု ပြောကြားခဲ့ကြောင်းလည်း သိရသည်။

“ ဖေဖော်ဝါရီ (၁) ရက်နေ့ကစပြီး နေ့တိုင်းလမ်းပေါ်ထွက်ခဲ့တယ်။ ကျည်ဆန်တွေကြား၊ မျက်ရည်ယိုဗုံးတွေကြား၊ အသံဗုံးတွေကြား အခက်အခဲတွေအများကြီးကြုံခဲ့တယ်။ နောက်ပိုင်းမှာ စစ်သားတွေက ဓာတ်ပုံဆရာတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတဲ့အတွက် PRESS လို့ရေးထားတဲ့ ဦးထုပ်တွေ မဝတ်ပဲ မြေပြင်ဆင်းခဲ့ကြတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ပြောကြားခဲ့ကြောင်းလည်း သိရသည်။ 

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

စက်တင်ဘာ ၅ ရက်၊ ၂၀၂၁ 

HTY Information မှ ဂုဏ်ယူစွာဖြင့် ဘာသာပြန်ဖော်ပြသည်။

#Photo_Credit

#Congratulation

#PhotoJournalism

#Myanmar

#HTY_Information

နယ်မြေကျူးကျော်ဝင်ရောက်လာသော စစ်ကောင်စီကို KNLA တပ်မဟာ ၆ ကြားဖြတ်တိုက်...

HTY Information 2 months ago

လှိုင်သာယာမြို့နယ်က ရွှေလင်ပန်းစက်မှုဇုံရှိ GASAN APPARELစက်ရုံတွင် လ...

HTY Information 3 weeks ago

လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်ရှိ ဟန်မောက်အထည်ချူပ်စက်ရုံပိတ်...

HTY Information 5 months ago

အိမ်စောင့်အစိုးရက အချိန်ခဏသာဖြစ်ပြီး အရေးပေါ်ကာလဆောင်ရွက်လို့မပြီးပါက...

HTY Information 3 months ago

ပြည်တွင်းနာမည်ကြီး စီးကရက် ကုမ္ပဏီကြီးတစ်ခုဖြစ်သည် British American To...

HTY Information 1 month ago