ပြန်လည်သင့်မြတ်ရေး၊ ဆွေးနွေးရေးလမ်းကိုပဲရွေးချယ်ရန် တရုတ်အစိုးရတိုက်တွန်း

တရုတ်ပြည်မကြီး အစိုးရ နိုင်ငံခြားရေး ဌာနကလည်း မြန်မာနိုင်ငံထဲက အခြေအနေတွေ အပေါ် အင်မတန် စိုးရိမ်ပူပန်တယ်လို့ ပြောရင်း တွေ့ဆုံရေးလမ်း လျှောက်လှမ်းကြဖို့ တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံထဲ ခက်ခက်ခဲခဲ တည်ဆောက် ရယူထားနိုင်ခဲ့တဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းကြောင်းကို ရှေ့ဆက်သွားနိုင်ဖို့ မျှော်လင့်တယ် ဆိုပြီး၊ တရုတ်နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရ ဟွာရှုရင်က အခုလို ဆိုပါတယ်။ “မြန်မာနိုင်ငံရဲ့ ရေရှည်အကျိုးကို တွက်ဆပြီး အဖွဲ့အားလုံး၊ ဘက်အားလုံး အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အမြန်ဆုံး ဖော်ဆောင်ဖို့ မျှော်လင့်ပါတယ်။ ခက်ခက်ခဲခဲ ရယူထားတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး’ လုပ်ငန်းစဥ်ကို ရှေ့ဆက်နိုင်အောင် ကွဲပြားမှုတွေကို ဖွဲ့စည်းပုံနည်းကျ၊ ဥပဒေမူဘောင်တွေ အောက်ကနေ ညှိနှိုင်းကြပါ” လို့ ပြောသွားတာပါ။ “မြန်မာနိုင်ငံထဲက အကြမ်းဖက်မှုတွေ အပေါ် တရုတ်အနေနဲ့ အင်မတန် စိုးရိမ်တယ်၊ ဒီလုပ်ရပ်တွေဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး၊ ခံစားကြရတာ မြန်မာပြည်သူတွေပဲ”လို့လည်း ပြောခွင့်ရ ဟွာရှုရင်က ထုတ်ပြန်သွားပါတယ်။

လှိုင်သာယာမြို့နယ်တွင်း အဆင့်မြင့်အိမ်ယာများ ဧည့်စာရင်းမတိုင်ပါက အရေးယ...

HTY Information 4 months ago

တရုတ်၊ ရုရှားအပါအဝင် ကုလလုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံလုံးမှ နိုင်ငံတ...

HTY Information 2 months ago

ဝိုင်း​မော် ခလရ (၅၈) မှ စစ်သားမယားများ ၎င်းတို့၏ ချစ်ခင်ပွန်းများ​ထောင...

HTY Information 3 months ago

ပုဒ်မ ၅၀၅(က) ဖြင့် ထပ်မှန်တရားစွဲဆိုခံရသော Cele/Influencer (၂၀)ဦး

HTY Information 9 months ago

တရုတ်လေယာဉ်များ နိုင်ငံပိုင်နက်ထဲဝင်ရောက်လာ၍ ထိုင်ဝမ်မှ တိုက်လေယာဉ်မျာ...

HTY Information 4 months ago