ပျောက်ကွယ်နေသောစစ်ဦးစီးချုပ်ပြန်ပေါ်လာပြီးနောက် ကမ္ဘာ့အသိအမှတ်မပြုသည့် Covid ဆေးများဝယ်ယူထားကြောင်းပြောကြား

လက်ရှိဖြစ်ပွားနေသော Covid - 19 ကူးစက်ပြန့်ပွားရောဂါဘေးမှကာကွယ်နိုင်ရန် ကမ္ဘာအသိအမှတ်မပြုသည့် ရုရှားနိုင်ငံမှ Sputnik V နှင့် တရုတ်နိုင်ငံမှ Sinovac ကာကွယ်ဆေး စုစုပေါင်း ၇ သန်းကို ဝယ်ယူထားပြီးဖြစ်ကြောင်း ယမန်နေ့ အစည်းအဝေးတွင်တတ်ရောက်ပြောကြားခဲ့ကြောင်း သိရသည်။

၎င်းဆေးများသည် ထုတ်လုပ်နေသော နိုင်ငံများတွင်တောင် ကျယ်ကျယ်ပြန့်ပြန့်အသုံးမပြုပဲ ရောင်းချရန်ကိုသာ ဦးစားပေးနေသည့်အတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ၊ အမေရိကန် ၊ ဗြိတိန် ၊ ကနေဒါ အပါအဝင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအများစုမှ ကန့်ကွက်ထားခဲ့ပြီး ယင်းကာကွယ်ဆေးထိုးထားသူများကိုလည်း နိုင်ငံတွင်း လာရောက်လည်ပတ်ခွင့် ပိတ်ပင်ထားကြသည်။

ဒါပြင် ယင်းကာကွယ်ဆေးများထိုးနှံပြီး ကာကွယ်ဆေးဆိုင်ရာသုတေသနပညာရှင် Novilia Sjafri Bachtiar အပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၃၁ ဦး Covid ကူးစက်ခံရ၍ အင်ဒိုနီးရှားနိုင်ငံတွင် သေဆုံးမှုများ ရှိခဲ့ကြောင်း ရိုက်တာသတင်းတွင်လည်းရေးသားဖော်ပြထားပါသည်။

ဇူလိုင် ၁၀ ရက် ၊ ၂၀၂၁

#HTY_Information 

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ Mai Yi Bei အထည်ချုပ်စက်ရုံ...

HTY Information 6 months ago

ပုလဲပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာမ...

HTY Information 3 months ago

လှိုင်သာယာ၊ အတွင်းပဒံကျေးရွာရှိ ကျူးကျော်များအား ၅ သိန်းပေးပြီး တစ်ပတ်...

HTY Information 6 months ago

e-ID စနစ်ဖြင့် မှတ်ပုံတင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော...

HTY Information 4 months ago

နိုင်ငံဝင်ခွင့်အသည်းအသန်တောင်းနေရတဲ့ အာဆီယံက လူသားချင်းစာနာမှုအကူအညီပေ...

HTY Information 4 months ago