ပူတာအို တန်ဂျာကျေးရွာအနီးတွင် လုံခြုံရေးယူလာသည့်စစ်ကောင်စီယာဉ်တန်းကို KIA တိုက်ခိုက်၍ စစ်ကောင်စီမှသေဆုံးမှုများ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် မြစ်ကြီးနား - ပူတာအို ကားလမ်းမဘေးရှိ လုန်ရှာယန်ကျေးရွာအုပ်စု တန်ဂျာကျေးရွာအနီး ယနေ့ မွန်းလွဲ (၅:၀၀)နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့် KIAတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ​သေဆုံးသူများသည်ဟု ကချင်အခြေစိုက်သတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။

ပူတာအိုဘက်မှ ဆင်းလာသော စစ်ကောင်စီ လက်အောက်ခံ ခလရ ၁၃၈ နှင့် ခလရ ၄၆ စစ်ကြောင်းကို KIA တပ်ရင်း ၇ အဖွဲ့က စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းပြီး မိနစ် (၃၀)ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်။

KIA နှင့်တိုက်ပွဲပြင်းထန်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့သည် ကချင်ပြည်နယ် စစ်ကောင်စီဥက္ကဌ ဦးခက်ထိန်နန်၏ ပူတာအို ခရီးစဉ်တွင် လုံခြုံရေးလိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားများဖြစ်ကြောင်းသိရပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ (၁၅) ဦးဝန်းကျင်ကို ပစ်ခတ်မှုဖြစ်ပြီး ပြန်လည်သယ်ယူသွားကြောင်း အနီးနားနေထိုင်သူတစ်ဦးကဆိုသည်။

လက်ရှိတွင် တိုက်ပွဲကြောင့် အနီးရှိ တန်ဂျာကျေးရွာနေ ဒေသခံများသည် လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်သူတွေလည်းရှိနေပြီဖြစ်ကြောင်းသိရှိရပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဩဂုတ်လ ၂၆ရက်၊ ၂၀၂၁


#KIA

#တိုက်ပွဲ

#HTY_Information

ရဲဝန်ထမ်းအိမ်ယာအား ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မှ ဗုံးခွဲတိုက်ခို...

HTY Information 4 months ago

ထန်းတပင် (တာဆုံ)စစ်ဆေးရေးဂိတ် ဝင်ရောက်စီးနင်းပစ်ခတ်ခံရ၍ ရဲ (၃) ဦးသေဆုံ...

HTY Information 2 months ago

လှိုင်သာယာမြို့နယ် ပန်းလှိုင်လမ်းမပေါ် ကျူးကျော်နေအိမ်များအား စစ်ကောင်...

HTY Information 1 month ago

လှိုင်သာယာမြို့နယ်တွင် ဧည့်စာရင်းနေပြည်သူများ ဧည့်စာရင်းစာရွက်ကြေးတစ်ခ...

HTY Information 3 months ago

အာဖဂန်နစ်စတန်သမ္မတတိုင်းပြည်မှထွက်ပြေးသွားပြီးနောက် တာလီဘန်များ မြို့တ...

HTY Information 5 months ago