HTY Information 2 months ago

နိုင်ငံဝင်ခွင့်အသည်းအသန်တောင်းနေရတဲ့ အာဆီယံက လူသားချင်းစာနာမှုအကူအညီပေးနိုင်‌ရေး ၄ လ အပစ်ရပ်စဲရန် တိုက်တွန်း

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဘရုနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof မှ မြန်မာနိုင်ငံသို့ လူသားခြင်းစာနာမှု အကူအညီများ ချောမွေ့စွာပေးနိုင်ရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး (၄) လ အပစ်အခတ်ရပ်ဆဲထားရန် တောင်းဆိုလိုက်သည်ဟု နိုင်ငံတကာသတင်းများ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါ အကူအညီပေးရေး လုပ််ငန်းများကို စက်တင်ဘာလလယ်မှ စတင်ဆောင်ရွက်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ထိုကဲ့သို့ တောင်းဆိုမှုကို ပြီးခဲ့သည့် ဩဂုတ်လ (၃၁) ရက်နေ့ ဗီဒီယိုကွန်ဖရင့် အစည်းအဝေးတွင် Erywan Yusof မှ မြန်မာနိုင်ငံအာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ထံသို့ တောင်းဆိုခဲ့ကြောင်းသိရသည်။ ဝဏ္ဏမောင်လွင်မှ အဆိုပြုချက်ကို လက်ခံခဲ့သည်ဟုလည်း အာဆီယံကိုယ်စားလှယ်မှ ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့ အပစ်အခတ်ရပ်ဆဲရေး တောင်းဆိုရခြင်းမှာ လူသားခြင်းစာနာမှုအကူအညီများ ဆောင်ရွက်ပေးမည့်သူများ၏ လုံခြုံရေးအတွက် ဖြစ်ပြီး၊ အဆိုပါ တောင်းဆိုမှုကို အကြမ်းဖက်စစ်တပ်ဆန့်ကျင်ရေးဆောင်ရွက်နေသည့် ပြည်သူ့အဖွဲ့အစည်းများသို့ သွယ်ဝိုက်သောနည်းနှင့် ပေးပို့ခဲ့ပြီဖြစ်သည်ဟုလည်း အာဆီယံကိုယ်စားလှယ်မှပြောကြားခဲ့ကြောင်း သိရသည်။ 

နိုင်ငံရေးပဋိပက္ခ၊ စီးပွါးရေးကျပ်တည်းမှုနှင့် ကိုဗစ်ရောဂါဒဏ် ကပ်ဆိုး (၃) မျိုးကို ခံစားနေရသော မြန်မာနိုင်ငံသားများအတွက် အကူအညီများပေးနိုင်ရန် စီစဉ်နေပြီး၊ အင်ဒိုနီးရှားနိုင်ငံအခြေစိုက် အာဆီယံလူသားခြင်းဆိုင်ရာအထောက်အပံ့ပေးရေးဌာနချုပ်မှ(ASEAN Coordinating Centre for Humanitarian Assistance) မြန်မာနိုင်ငံသို့ ကူညီမှုများ ပေးအပ်သွားမည်ဟု Yusof မှ ပြောကြားခဲ့သည်။

အာဆီယံမှ ပေးအပ်မည့် လာသားချင်းစာနာမှု အထောက်အပံ့များ၏ ပထမအသုတ်တွင် ကိုဗစ်ရောဂါကိုခံစားနေရသူများအတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပါဝင်မည်ဖြစ်ပြီး၊ ဒုတိယအသုတ်တွင် ကိုဗစ်ကာကွယ်ဆေးများ ပါဝင်မည်ဖြစ်ကြောင်းသိိရသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

စက်တင်ဘာလ ၅ ရက်၊ ၂၀၂၁

HTY Information မှာ ဘာသာပြန်ဖော်ပြသည်

#ASEAN

#ဓာတ်ပုံ_အာဆီယံအထူးကိုယ်စားလှယ်

#HTY_Information

ပြည်သူတွေအနေနဲ့ ဆန်စားသုံးမှုကိုလျော့ချပြီး စားသုံးမှုပုံစံပြောင်းကြဖိ...

HTY Information 3 weeks ago

သင်တန်းပြီးဆုံးသည်နှင့် သူနာပြုသင်တန်းသူ၊သင်တန်းသားများအား နိုင်ငံဝန်ထ...

HTY Information 1 month ago

ပြည်ပ ရန်လိုမှုများအား ရင်ဆိုင်လာရပါက ပိုမိုပူးပေါင်းဆောင်ရွက်ရေး မြော...

HTY Information 4 months ago

ယာဥ်ထိန်းရဲချင်း ရန်ဖြစ်ရာမှ ဝင်ရောက်ဖျန်ဖြေခဲ့သော ယာဥ်ထိန်းရဲ သေနတ်ဖြ...

HTY Information 2 months ago

ဒီပဲယင်း ကျခတ်ကျေးရွာအနီးတွင် စစ်ကောင်စီ၏ စစ်ကား (၃)စီး မိုင်းဆွဲတိုက်...

HTY Information 2 months ago