နိုင်ငံတွင်းထူးခြားဖြစ်စဉ်မရှိပဲ ပြစ်တင်စောနေတယ်ဟုဆိုကာ ယခုလာမည့် ကုလညီလာခံကိုလည်း ပညာရှင်ပီသဖို့ စစ်ကောင်စီတောင်းဆို

ကမ္ဘာ့ကုလသမဂ္ဂညီလာခံမစတင်မှီ စစ်ကောင်စီက မြန်မာပြည်တွင်း နိုင်ငံတကာ၏ အာရုံစိုက်မှုလိုအပ်သည့် အထင်ကရဖြစ်စဉ်မရှိဘဲ နိုင်ငံတစ်နိုင်ငံကို ရွေးချယ်ပစ်မှတ်ထားလျက်ရှိကြောင်းနှင့် ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအကြောင်းပြောဆိုရာတွင် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံးမှ စိစစ်၍ မရနိုင်သောပုံကြီးချဲ့ထားသည့် ကိန်းဂဏန်းများပါဝင်သည့် အစီရင်ခံစာများကို ကိုးကားနေသည်ဟုဆိုကာ ယခုလာမည့် ကုလညီလာခံကိုလည်း ပညာရှင်ပီသဖို့ ယနေ့ စက်တင်ဘာ (၆)ရက် တွင် တောင်းဆိုလိုက်ကြောင်းသိရသည်။

လာမဲ့ စက်တင်ဘာလ (၁၄) ရက်တွင် နယူးယောက်မြို့တွင် စတင်ပြုလုပ်မည့် ကုလညီလာခံမစကခင် တစ်ပတ်ခန့်အလိုတွင် စစ်ကောင်စီက ယခုလို စာထုတ်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကုလသမဂ္ဂဝန်ထမ်းများ၏ ပညာရှင်ဆန်မှုမှာမေးခွန်းထုတ်ဖွယ်ဖြစ်ပြီး ၎င်းတို့အနေဖြင့် အထင်အမြင်လွဲမှားစေသော ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းနှင့် ပြည်တွင်းရေးတွင် စွက်ဖက်မှုများမှ ရှောင်ကြဉ်ရန်၊ အများပြည်သူသို့ အသိပေးပြောကြားရာတွင် ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် ဘက်မလိုက်မှု တို့ကိုကျင့်သုံးရန် စစ်ကောင်စီက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ (၁၄) ရက်နေ့တွင် ၇၆ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကို အမေရိကန်၊ နယူးယောက်မြို့တွင် စတင်ကျင်းပတော့မှာဖြစ်ပြီး ထိုညီလာခံမှတဆင့် Credentials Committee ကိုဖွဲ့စည်းကာ မြန်မာနိုင်ငံမှ မည်သူ့ကို ကိုယ်စားပြုပြီး UN တွင် အမြဲတန်းကိုယ်စားလှယ်အဖြစ် ရှေ့ဆက်ပြီးခန့်အပ်မည်ကို ဆုံးဖြတ်မည်ဖြစ်သည်။ 

စစ်ကောင်စီကတော့ ၎င်းတို့ရဲ့ ကိုယ်စားလှယ်တစ်ဦးကို လက်ရှိကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုထားသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့်အပြိုင် UN အစည်းအဝေးမှာ ထည့်သွင်း ပြီး ကိုယ်စားလှယ်နေရာရဖို့ ကြိုးစားနေတာပဲဖြစ်ပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

စက်တင်ဘာလ ၆ ရက်၊ ၂၀၂၁

#UN #ကုလသမဂ္ဂညီလာခံ

#ကိုးကား_BAP

#HTY_Information 

တိုင်းရင်းသား လက်နက်ကိုင်များတည်ရှိရာနေမြေများသို့ စစ်ကောင်စီမှ အင်အား...

HTY Information 3 months ago

ရန်ကုန်မြို့ ဆိပ်ကြီးခနောင်တိုမှာ ကင်းလှည့်နေတဲ့ ရဲတစ်ဦး ဓားနဲ့ခုတ်ခံ...

HTY Information 2 months ago

ပြည်သူတွေအနေနဲ့ ဆန်စားသုံးမှုကိုလျော့ချပြီး စားသုံးမှုပုံစံပြောင်းကြဖိ...

HTY Information 3 weeks ago

ပျောက်ကွယ်နေသောစစ်ဦးစီးချုပ်ပြန်ပေါ်လာပြီးနောက် ကမ္ဘာ့အသိအမှတ်မပြုသည့်...

HTY Information 4 months ago

လှိုင်သာယာမြို့နယ် (၅)ထိပ် မြို့မရဲစခန်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ...

HTY Information 2 months ago