မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်အရ စစ်အုပ်စုအား အမေရိကန်ဒေါ်လာ ၆.၁ သန်းကျော်ကို စီမံကိန်း ၂၁ ခု အတွက် တရုတ်ကထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုရဲ့ အစိတ်အပိုင်း အနေနဲ့ မြန်မာနိုင်ငံ အတွင်း စီမံကိန်း လုပ်ငန်းပရောဂျက် ၂၁ ခု အတွက် တရုတ်နိုင်ငံက ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုတွေ ပေးအပ်ခဲ့တယ် ဆိုပြီး တရုတ်ပြည်မကြီး အစိုးရပိုင် ရှင်ဝှာ သတင်းဌာနက ပြောပါတယ်။
တိုင်းပြည်၏ ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းပြီး အတိုက်အခံများကို ထောင်ချသတ်ဖြတ်ခြင်းတို့ကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရဲ့ ပြစ်တင် ရှုတ်ချမှုတွေ ရှိနေချိန်၊ အာဏာသိမ်း စစ်တပ်ရဲ့ လက်ထဲ ငွေကြေးတွေ စီးဝင်မသွားစေဖို့ ပိတ်ဆို့မှုတွေလုပ်နေစဉ်မှာပဲ အိမ်နီးချင်းတရုတ်နိုင်ငံက ယခုလိုငွေကြေးလွှဲပြောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။
LMC လို့ အတိုကောက် ခေါ်တဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဆိုတာ တရုတ်နဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေထဲက မဲခေါင်မြစ် ဖြတ်သန်း စီးဆင်းရာ နိုင်ငံတွေနဲ့ကြား ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့ရာ ၂၀၁၆ ခုနှစ်မှာ စတင်ပြီး ထူထောင် ထားရှိတဲ့ စီမံကိန်း ဖြစ်ပါတယ်။
အခု LMC အတွက် ပေးတယ်ဆိုတဲ့ ပရောဂျက်တွေကို လုံခြုံရေးဆိုင်ရာ ကိစ္စအပြင် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ တိမွေးကု ဆိုင်ရာ ကာကွယ်ဆေးတွေ ထုတ်လုပ်ရေး၊ သဘာဝဘေးနဲ့ ကပ်ရောဂါ တားဆီးရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ နယ်ခြားကုန်သွယ်ရေး၊ ခရီးသွား လုပ်ငန်း စသဖြင့် ကဏ္ဍ အစုံက စီမံကိန်းတွေ ပါဝင်တယ်လို့ သိရပါသည်။
ဩဂုတ်လ ၁၁ ရက် ၊ ၂၀၂၁
#HTY_Information