နိုင်ငံတကာအနေနဲ့ NUG/CRPH တို့ကို ပံ့ပိုးနေခြင်းဟာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကိုချိုးဖောက်ရာရောက်ပြီး ၎င်းတို့နှင့်သာတွဲရန် တောင်းဆို

နိုင်ငံတကာအနေဖြင့် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့နှင့် ထိတွေဆက်ဆံခြင်း၊ ထောက်ခံအားပေးခြင်း၊ ကိုယ်စားလှယ်ရုံးများဖွင့်လှစ်ပေးခြင်းတို့ဟာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို ချိုးဖောက်ရာရောက်ပြီး စစ်ကောင်စီ၏ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ တည်ဆောက်ရေး စစ်အစိုးရ၏ကြိုးပမ်းအားထုတ်မှုကို ထိခိုက်စေသည်ဟု အောက်တိုဘာ (၉) ရက်နေ့က ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ဒါပြင် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက် ရာရောက်တယ်လို့ ဖော်ပြထားပြီး NUG၊ CRPH ဆက်စပ်အဖွဲ့တွေကို ထိတွေ့ဆက်သွယ်ခြင်းမပြုဖို့၊ ထောက်ခံအားပေးခြင်းမပြုဖို့ ထပ်မံသတိပေးကြောင်းနှင့် အကြမ်းဖက်ကျူးလွန်သူများကိုလည်း တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဟုဖော်ပြထားသည်။

" နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒတို့ကို လျစ်လျူမရှုပဲ ကျွန်ုပ်တို့နှင့်အတူ လက်တွဲတိုက်ဖျက်သွားဖို့ စစ်မှန်စွာ မျှော်လင့်ကြောင်း တောင်းဆိုသည် " ဟု ဖော်ပြချက်တွင်ပါရှိပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


အောက်တိုဘာလ ၁၀ ရက်၊ ၂၀၂၁


#စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး

#ဓာတ်ပုံ_Multimedia

#HTY_Information

သင်တန်းပြီးဆုံးသည်နှင့် သူနာပြုသင်တန်းသူ၊သင်တန်းသားများအား နိုင်ငံဝန်ထ...

HTY Information 3 months ago

တော်လှန်ရေး၏ အပြောင်းအလဲတစ်ခုအားအင်တစ်ခုဖြစ်လာမည့် NUG BOND များ ယနေ့မ...

HTY Information 1 month ago

ပြန်လည်သင့်မြတ်ရေး၊ ဆွေးနွေးရေးလမ်းကိုပဲရွေးချယ်ရန် တရုတ်အစိုးရတိုက်တွ...

HTY Information 9 months ago

ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဆိုသူ စစ်မှုထမ်းဟောင်းနှစ်ဦး သေန...

HTY Information 3 months ago

လှိုင်သာယာမြို့နယ်တွင် ရပ်ကွက်အချို့မှစတင်၍ နေအိမ်ရှိ လူစာရင်းများ စတင...

HTY Information 3 months ago