နှစ်ပေါင်းဆယ်နဲ့ချီနေထိုင်လာသော လူနေအိမ် ၁၅ လုံးကို ဖယ်ရှားခိုင်းပြီး အကွက်ရိုက်ရောင်းဖို့ ရပ်ကျေးနဲ့လူမိုက်များ ပူးပေါင်းကြံစည်

လှိုင်သာယာမြို့နယ်၊ လမ်းမကြီးဘေးမြေမဟုတ်သော ရပ်ကွက်တွင်းရှိ နှစ်ပေါင်းဆယ်နဲ့ချီနေထိုင်လာသော လူနေအိမ် ၁၅ လုံးကို အကြောင်းပြချက်မဲ့စွာ အမြန်ဆုံးဖယ်ရှာပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကွက်လူမိုက်တွေက ခြိမ်းခြောက်လာတယ်လို့သိရပါတယ်။

အဆိုပါဖြစ်စဉ်မျိုးသည် လှိုင်သာယာမြို့နယ်တွင်းက ရပ်ကွက်အများစုမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး “လူကြီးကိုလာဘ်ထိုးထားတယ် ဈေးပေါပေါနဲ့ရောင်းတာ နေဆိုတာမျိုး” နှင့် "တစ်မင်းတက် တစ်ယောက်ပြောင်း တစ်ယောက်ပြန်လုပ်စား” ဆိုရမလိုပင် အုပ်ချုပ်ရေးမှူးလောကရဲ့ ရိုက်စားဂွင်တစ်ခု လိုတောင် ဖြစ်နေတာဖြစ်ပါတယ်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

မေလ ၇ ရက်၊ ၂၀၂၂

#လှိုင်သာယာ

#ရပ်ကျေးအုပ်အရှုပ်တော်ပုံ

#HTY_Information

" ဒီနေရာမှာ နေလာတာ တစ်ချို့ဆို နှစ်(၂၀) ရှိပြီ စာရွက်စာတမ်းတွေရှိတယ် ဒီမြေကိုဝယ်တုန်းက (၃၅) သိန်းပေးခဲ့ရတာ အဲ့ဈေးနဲ့မြေဆို ဘယ်လောက်ကြာပြီလဲတွက်ကြည့်ပေါ့ အဲ့ဒါကို ဘာအကြောင်းပြချက်မှမပေးပဲ အထက်အမိန့်ဆိုတာပဲပြောတယ် (၂) ပတ်အတွင်းဖယ်တဲ့ သက်သက်ကိုလာခြိမ်းခြောက်သွားတယ် ဒါမျိုးကျ အခုအုပ်ချုပ်နေတဲ့သူတွေမသိကြဖူး။ နေလာတဲ့ သက်တမ်းတစ်လျှောက် စစ်အစိုးရတက်တိုင်းအဲ့ပြဿနာဖြစ်တယ် ပြီးရင် အဲ့မြေတွေကို ရပ်ကွက်အုပ်နဲ့ လူမိုက်တွေပေါင်းပြီး ပြန်ရောင်းကြတာ အခုစကားဟာသေချာသလားတော့မပြောနဲ့ ဒီရပ်ကွက်လူကြီးက ဒီလိုနဲ့ပဲချမ်းသာလာတာ မယုံရင်စုံစမ်းကြည့်လို့ " အမည်မဖော်လိုသူတစ်ဦးကဆိုပါတယ်။

လှိုင်သာယာမြို့နယ်၊ အမှတ် (၆)ရပ်ကွက်၊ အောင်ချမ်းသာလမ်းမှာရှိတဲ့ လူနေအိမ် (၁၅)လုံးကို ဖယ်ရှားပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ကျော်စိုးထွန်း၊ ရာအိမ်မှူး ပန်းစိန် ၊ကျော်ဆန်းဝင်း ၊ချစ်ဦး ၊ဝက်သားတို့နဲ့ လူမိုက်ရာဇာကြီး တို့အဖွဲဲ့များက (၂) ပတ်အတွင်း မဖယ်ပါက ဖြို့ချပစ်မယ်လို့ ဥပဒေမဲ့ ခြိမ်းခြောက်လာကြောင်း သိရှိရပါသည်။

ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း လုံခြုံရေးခြိမ်းခြောက်ခံရ၊ အမေရိကန်မှ သ...

HTY Information 9 months ago

NLD ပါတီဝင်များအား ဖမ်းဆီးထားပြီး NLD ပါတီကို ဖျက်သိမ်းဖို့ အစီအစဉ်မရှ...

HTY Information 3 months ago

မြန်မာ့အရေး ကုလသမဂ္ဂအထွေထွေညီလာခံ ထောက်ခံမဲ ၁၁၉ မဲဖြင့် အနိုင်ရ အတည်ပြ...

HTY Information 11 months ago

လွိုင်ကော်မြို့တွင် စစ်ကောင်စီ၏ စီပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် Mytel ရ...

HTY Information 8 months ago

လှိုင်သာယာမြို့နယ်တွင်း ညမထွက်ရအမိန့် အသံချဲ့စက်ဖြင့် လိုက်လံကြေငြာနေသ...

HTY Information 1 month ago