ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ စစ်အုပ်ရေးကြေညာ ပြီးတဲ့နောက် ယခင်ထက်ပိုမိုဆိုးရွာလာသော နေ့ည နေရာမရွေး လုယက်မှုတွေအပြင် ပြန်ပေးဆွဲမှုတွေပါ ရှိလာပြီဖြစ်ပါတယ်။
" လုယက်မှုဆိုတာကတော့ လှိုင်သာယာမှမဟုတ်ပါဘူး နယ်တိုင်းမှာဖြစ်နေတာပါပဲ ဒါပေမဲ့ အခုနောက်ပိုင်း ပိုဆိုးလာတယ်လို့ပြောရမှာပေါ့ အရင်က လူပြတ်တဲ့နေရာလောက် လုတယ်ဘာညာကြားရတာ အခုက လူရှိရှိ လူပြတ်ပြတ် ဘယ်ကောင်ကမှဂရုမစိုက်ဖူး တိုင်ချင်တဲ့နေရာတိုင် ဖမ်းမှမဟုတ်ဖူးဆိုတဲ့ ပုံစံနဲ့ ပိုဆိုးလာတယ်လို့ပဲ ပြောရမှာပဲ အဓိက ကတော့ ဥပဒေစိုးမိုးမှုမရှိတော့တာပေါ့ ဘယ်သူ့ဘယ်ဝါကြောင့်လို့လည်းမပြောချင်တော့ဘူး အားလုံးလည်းသိနေတာပဲ " လို့ လှိုင်သာယာမြို့နေ ဒေသခံတစ်ဦးကဆိုပါတယ်။
ယမန်နေ့ မေလ (၃)ရက် နံနက် (၉:၃၀)ဝန်းကျင်အချိန်ခန့်က လူများစွာရှိနေသော ပီးမိုးနင်လမ်း (၅)ထိပ်မှတ်တိုင်အနီးက လက်ဖက်ရည်ဆိုင်မှာ သေနတ်အတု (လေသေနတ်) ပစ်ဖောက်ခါ လက်ရည်ဆိုင်ထိုင်ငွေရေတွက်နေသူထံမှ ငွေ ၃သိန်း လုယူသွားပြီး လမ်းခုလတ်အရောက်မှာ သေနတ်ပြခြိမ်းခြောက်၍ ဆိုင်ကယ်ကယ်ရီသမားထံမှ ဆိုင်ကယ်အားထပ်မံလုယူထွက်ပြေးတယ်လို့သိရပါတယ်။
ဒါပြင် ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကလည်း ရန်ကုန် ပုသိမ် လမ်းမကြီးပေါ်ရှိ သမကုန်းကားမှတ်တိုင်မှာ လူငယ်တစ်ဦးအား ကားပေါ်အတင်းဆွဲတင်သွားခါ ပါရှိလာသော ပစ္စည်းများ လုယူပြီးတဲ့အပြင် မိသားစုအား ဆက်သွယ်စေခိုင်းပြီး အသက်အန္တရာယ်ခြိမ်းခြောက်ပြီး ငွေ (၁၀)သိန်းဖြင့် လူအားရွေးယူခိုင်းကာ ပြန်ပေးဆွဲမှုတွေလည်း ဖြစ်ပွားခဲ့ပါသည်။
အထက်ပါဖြစ်စဉ်များအပြင်နေ့စဉ်ဆိုသလို ဆိုင်ကယ်ပေါ်မှ လက်ဝတ်ရတနာများလုယူပြေးမှု ကားတွေအားတားဆီး ဓါးထောက်လုယူမှုတွေအပြင် အခြားအခြားသော လုယက်မှု ဓါးပြတိုက်မှုတွေဟာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွာလာခဲ့ပြီး အဆိုပါဖြစ်စဉ်အားလုံးတွင် တစ်မှုမှ ဖမ်းဆီးအရေးယူတာမျိုးကို စစ်ကောင်စီဘက်က ယနေ့တိုင် ထုတ်ပြန်ထားတာမတွေ့ရှိရသေးပါဘူး။
HTY Information (မေလ ၄ ရက်)
#လှိုင်သာယာ
#ဓါးပြတိုက်လုယက်မှုများ
#HTY_Information