မြို့နယ်အတွင်း မီးဖြတ်ခြင်း၊ မီတာဗုံးဖြုတ်ခြင်းများ ပြုလုပ်နေသော မီတာရုံးအား မြို့ပြပြောက်ကျားနှစ်ဖွဲ့ပေါင်းကာ ဗုံးခွဲတိုက်ခိုက်

ရန်ကုန်၊ လှိုင်သာယာမြို့နယ်အတွင်း ပြည်သူအများအား အတင်းအကြပ် မီတာဆောင်ခိုင်းခြင်း၊ မီးဖြတ်ခြင်း၊ မီတာဗုံးများဖြုတ်ခြင်း၊ မိန်းများလာချသွားခြင်း အစရှိသဖြင့် နည်းလမ်းမျိုးစုံသုံး၍ အကြမ်းဖက်စစ်ကောင်စီအတွက် အထောက်အပံ့ရရေး ကြိုးပမ်းနေသော လျှပ်စစ်ရုံးအား မြို့ပြပြောက်ကျားအဖွဲ့နှစ်ဖွဲ့ပေါင်းကာ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

လှိုင်သာယာမြို့၊ ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်၊ စက်မှုဇုန်မှတ်တိုင်အနီးရှိ အဆိုပါ လျှပ်စစ် EPC ရုံးဝင်းအတွင်းတွင် ယနေ့ မနက် ၉:၃၀ အချိန်ခန့်က ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွါးခဲ့သည်ဟုလည်း မြို့နေပြည်သူများမှ သတင်းပေးပို့သည်။

ယနေ့တိုက်ခိုက်မှုကို From ‘Zero’ to ‘Hero’ နှင့် Mco Ldf Army မြို့ပြပြောက်ကျား ၂ ဖွဲ့ပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ပြည်သူ့အသံကိုနားစွင့်နေသော အဖွဲ့များဖြစ်သည်နှင့်အညီ ပြည်သူများကို အာဏာသုံးဖိနှိပ်နေမှုများအား ဆက်လက်တိုက်ခိုက်သွားမည်ဟုလည်း အဖွဲ့မှ ထုတ်ပြန်ထားသည်။ 

“အတော်များများက သူတို့အိမ် မီးဖြတ်ခံရတာနဲ့ မီတာပြေးဆောင်ကြတာပါပဲ.. အဲ့ပိုက်ဆံတွေက ရတဲ့ ကျည်ဖိုးနဲ့ UG တွေ၊ PDF တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေကို ပြန်တိုက်နေတယ်ဆိုတာ သိသိနဲ့ .. တခုခုဆို ပြည်သူ့ဘက်ကရဲဘော်တွေကိုပဲ ဟိုဟာလုပ်ခိုင်း ဒီဟာလုပ်ခိုင်းနဲ့ ..ရဲဘော်တွေကတော့ အသက်တွေ အသေခံပြီး အန္တရာယ်ကြားက တိုက်ခိုက်ပေးကြရှာတယ်” ဟုလည်း မြ်ို့နေပြည်သူတစ်ဦးမှ လျှပ်စစ်မီးဖြတ်ခံနေရသည့် လက်ရှိအခြေအနေနဲ့ ပတ်သတ်၍ ပြောသည်။

လှိုင်သာယာမြို့နယ်အတွင်း ရပ်ကွက်တော်တော်များများတွင် မီတာမဆောင်သောအိမ်များ မီးဖြတ်ခံကြရပြီးနောက် အလုအယက် မီတာပြေးဆောင်သူများလည်း များပြားလှသည်ဟု သိရသည်။ 

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

ဧပြီလ ၂၉ ရက်၊ HTY Information 

#လှိုင်သာယာ

#သွေးစွန်းငွေ

#HTY_Information

လွတ်မြောက်မှုနှင့် တန်းတူအခွင့်အရေးအတွက် အာဖဂန်အမျိုးသမီးများ တာလီဘန်အ...

HTY Information 8 months ago

လှိုင်သာယာမြို့နယ်တွင်းရှိ ကျူးကျော်နေအိမ်များအပါအဝင် ရပ်ကွက်တွင်းရှိ...

HTY Information 5 months ago

စက်သုံးဆီဈေးမြင့်တက်မှုတွေနဲ့ လျှပ်စစ်မီးဆိုးရွာစွာပြတ်တောက်မှုတွေကြော...

HTY Information 2 months ago

လှိုင်သာယာမြို့က ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် (၂)ဦး လက်နက်များနှင့်အတူ ဖမ်း...

HTY Information 2 months ago

မြန်မာနိုင်ငံတွင် စစ်ကောင်စီမှပြည်သူ့အာဏာလုယူခဲ့သည်မှာ ရက်(၁၀၀)ပြည့်ခဲ...

HTY Information 1 year ago