မြောက်ဥက္ကလာတွင် တံတားလုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပစ်ခတ်ခံရ၍ တစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (င) ရပ်ကွက်၊ ခေမာသီလမ်း၊ ကျော်သူတံတားအဆင်းတွင် လုံခြုံရေးယူနေသောစစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဒီကနေ့ အောက်တိုဘာလ (၁၄)ရက် နံနက် (၉:၃၀)အချိန်ခန့်က ကားတစ်စီးပေါ်မှ သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ ကားပေါ်မှ သေနတ်ဖြင့် (၃)ချက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး ကျည်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

၎င်းပစ်ခတ်မှုကြောင့် Probox ကား အဖြူရောင် ကားမှန်ကွဲ အနာအဆာပါသောကားများအား အသေအသန်ရှာဖွေနေသည်ဟုလည်း အမည်မဖော်လိုသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှ သတင်းပေးပို့လာပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


အောက်တိုဘာလ ၁၄ ရက်၊ ၂၀၂၁


#မြောက်ဥက္ကလာ

#ပစ်ခတ်မှု

#ဓာတ်ပုံ_Reutersပုံဟောင်း

#HTY_Information

ကံထူးမရဲစခန်းမှ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်း တန့်ဆည်တွင် မိုင်းခွဲခ...

HTY Information 1 month ago

လမ်းပေါ်က ကလေးသူငယ်များလျော့နည်းရေး မြို့နယ် (၉)မြို့နယ်တွင် ဦးစွာစီမံ...

HTY Information 2 weeks ago

အာဖဂန်နစ်စတန်သမ္မတတိုင်းပြည်မှထွက်ပြေးသွားပြီးနောက် တာလီဘန်များ မြို့တ...

HTY Information 2 months ago

ကာကွယ်ဆေးကိုခံနိုင်ရည်ရှိနိုင်သည့် Covid မျိုးကွဲ Lambda နိုင်ငံပေါင်း...

HTY Information 2 months ago

လွိုင်ကော်မြို့တွင် စစ်ကောင်စီ၏ စီပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် Mytel ရ...

HTY Information 1 month ago