မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက မြန်မာဘီယာထုတ်လုပ်ခြင်းကို ဖျက်သိမ်းရန် တရားရုံးသို့ဦးတိုက်လျှောက်ထား

မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်အနေဖြင့် မြန်မာဘီယာထုတ်လုပ်နေသည့် Myanmar Brewery ကုမ္ပဏီ(မြန်မာဘရူဝါရီလီမိတက်) ကို ဖျက်သိမ်းရန်အတွက် နိုဝင်ဘာ (၁၉) ရက်တွင် တရားရုံးသို့ တင်ပြလျှောက်ထားခဲ့ခြင်းဖြစ်ပြီး အဆိုပါ လျှောက်ထားမှုကို လာမည့် ဒီဇင်ဘာ (၁၀) ရက်တွင် အနောက်ပိုင်ခရိုင်တရား ရုံး တွင် ကြားနားစစ်ဆေးသွား မည်ဖြစ် ကြောင်း (နိုဝင်ဘာ ၂၂ရက်နေ့) ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ ကုမ္ပဏီအား ဖျက်သိမ်းရန် အမိန့်ထုတ်ပေးခြင်းအပေါ် ယင်းကုမ္ပဏီ၏ ကြွေးမြီကူညီပေးဆပ်သူ၊ အစုရှယ်ယာပါဝင်သူ (သို့မဟုတ်) မြီရှင်(အကြွေးရှင်)တစ်ဦးဦးတို့က ကန့်ကွက်နိုင်ကြောင်း သတင်းစာတွင် ဖော်ပြထားသည်။ 

မြန်မာ့စီပွားရေးဦးပိုင်မှ အစုရှယ်ယာအများဆုံးပိုင်ဆိုင်ထားသော မြန်မာဘရူဝါရီ လုပ်ငန်းကို ပုဒ်မ ၂၉၈(စ) အရစာရင်းရှင်းဖျက်သိမ်းရန် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်းသိရပြီး အဆိုပါလုပ်ငန်းမှ ယခင်နှစ်များကထက် ၄၉.၉ ရာခိုင်းနှုန်းကျဆင်းသွားကြောင်းလည်း ကီရင်အုပ်စုကကြေညာထားသည်ကိုလည်း တွေ့ရှိရပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၂၁ 


#MyanmarBeer

#ဦးပိုင်ကုမ္ပဏီ

#ဖျက်သိမ်း

#HTY_Information

လှိုင်သာယာမြို့နယ်တွင်း လမ်းဘေး စက်သုံးဆီအရောင်းဆိုင်များ ပိတ်ပေးရန် ရ...

HTY Information 4 months ago

မနက်ဖြန်ကျင်းပမည့် ASEAN Summit ကို အမေရိကန် သမ္မတဂျိူးဘိုက်ဒန်ကိုယ်တိ...

HTY Information 1 month ago

လွတ်မြောက်မှုနှင့် တန်းတူအခွင့်အရေးအတွက် အာဖဂန်အမျိုးသမီးများ တာလီဘန်အ...

HTY Information 2 months ago

e-ID စနစ်ဖြင့် မှတ်ပုံတင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော...

HTY Information 3 months ago

တရုတ်အထူးကိုယ်စားလှယ်နှင့် စစ်ခေါင်းဆောင် ဥက္ကဋ္ဌမင်းအောင်လှိုင်တို့ န...

HTY Information 2 months ago