မြန်မာ့နွေဦးတော်လှန်ရေးအတွက် ကိုကျားပေါက်၏ Doodle Art Ukulele အမေရိကန်ဒေါ်လာ ၂၇,၅၀၀ ဖြင့် ကမ္ဘာ့ဈေးအကြီးဆုံး စံချိန်တင်

မြန်မာ့နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် အဆိုတော်ကျားပေါက် (ခ) ဟန်ထူးလွင်၏ လက်ရာ Doodle Art ရေးဆွဲထားသော Ukulele ကို လေလံတင်ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ ၂၇,၅၀၀ (မြန်မာငွေ သိန်း ၅၀၀ ကျော်ဖြင့်) အမေရိကန်နိုင်ငံရှိ အဝေးရောက်မြန်မာတစ်ဦးမှ ဝယ်ယူသွားခဲ့ပြီ ဖြစ်သည်။

ကြမ်းခင်းစျေး အမေရိကန်ဒေါ်လာ ၁,၀၀၀ ဖြင့် ယမန်နေ့က စတင်ခဲ့သော လေလံတင်ရောင်းချမှုတွင် ရရှိသမျှကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သို့လှူဒါန်းသွားမည်ဖြစ်သည်ဟု မပန်ဆယ်လို၏ facebook စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်သည်

လေလံစတင်ပြီးတစ်နာရီအကြာတွင် အမေရိကန်ဒေါ်လာ ၅,၀၀၀ အထိရရှိခဲ့ပြီး၊ လေလံသိမ်းချိန် ယနေ့ည ၉ နာရီတွင် မေရိကန်ဒေါ်လာ ၂၇,၅၀၀ ဖြင့် ပိတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

လေလံအောင်မြင်ခဲ့သူသည် ၁၉၃၀ ခုနှစ်တွင် ဖန်တီးခဲ့သည့် John D’Angelico ၏ ကမ္ဘာ့စျေးအကြီးဆုံးအဖြစ်မှတ်တမ်းတင်ထားသော Ukulele ၏စျေး ၂၆,၀၀၀ ကို ရိုက်ချိုး၍ အမေရိကန်ဒေါ်လာ ၂၇,၅၀၀ အထိပေးခဲ့ခြင်းဖြစ်သည်ဟု မပန်ဆယ်လို၏ facebook စာမျက်နှာမှတဆင့် သိရှိရသည်။

အောက်တိုဘာ ၁၇ ရက်၊ ၂၀၂၁

#Congratulations

#HanHtueLwin

#ပန်ဆယ်လို

"တော်လှန်ရေးအတွက် ခြေတစ်လမ်း" 5 Million Raffle Ticket Challenge ရောင်း...

HTY Information 4 months ago

အာဖဂန်နစ်စတန်တွင် ကျဆုံးသွားသော အမေရိကန်စစ်သားများ၏ အိမ်အပြန်ခရီး သမ္မ...

HTY Information 4 months ago

CNA/ CDF ထန်တလန်တပ်ဖွဲ့တို့ပူပေါင်း၍“လုံလဲရ်တပ်စခန်းအားတိုက်ခိုက်သိမ်း...

HTY Information 4 months ago

ဝိုင်း​မော် ခလရ (၅၈) မှ စစ်သားမယားများ ၎င်းတို့၏ ချစ်ခင်ပွန်းများ​ထောင...

HTY Information 3 months ago

ဒီပဲယင်း ကျခတ်ကျေးရွာအနီးတွင် စစ်ကောင်စီ၏ စစ်ကား (၃)စီး မိုင်းဆွဲတိုက်...

HTY Information 4 months ago