မြန်မာနိုင်ငံဟာ ပုံမှန်အခြေအနေပြန်ဖြစ်နေပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်ရှိအောင်ဆောင်ရွက်နေတယ်ဟုဆို

မြန်မာနိုင်ငံအား ရှေ့လုပ်ငန်းစဉ် (၅)ရပ်နဲ့ ဦးစားပေးဆောင်ရွက်နေကာ ယခုအချိန်တွင် ပုံမှန်အခြေအနေကိုပြန်လည်ရောက်ရှိနေပြီး ဒီမိုကရေစီလမ်းကြောင်းကို တည့်မတ်စွာရောက်ရှိရေးအတွက် ကြိုးစားဆောင်ရွက်နေတယ်လို့ စစ်ကောင်စီကခန့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားလိုက်ပါသည်။

ဆားဘီးယားနိုင်ငံတွင် ယမန်နေ့က အောက်တိုဘာ (၁၁)ရက်နေ့က ကျင်းပပြုလုပ်သော ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ရဲ့ နှစ် (၆၀)ပြည့်အထိမ်းအမှတ် အစည်းအဝေးမှာ ယခုကဲ့သို့ ထည့်သွင်းပြောကြားလိုက်တာလည်းဖြစ်ပါတယ်။

ဒါပြင် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရန် ကြိုးပမ်းအားထုတ်နေတဲ့ အချိန်မှာ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်တွေရဲ့ ထောက်ခံမှု၊ နားလည်မှုနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန်မျှော်လင့်ကြောင်းကိုလည်း ထည့်သွင်းပြောဆိုသွားခဲ့ပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


အောက်တိုဘာလ ၁၂ ရက်၊ ၂၀၂၁


#ဦးဝဏ္ဏမောင်လွင်

#စစ်ကောင်စီ

#ဓာတ်ပုံ_MOF

#HTY_Information

ကန်နိုင်ငံမှ အာဖဂန်ပြည်သူအများအား ကူညီကယ်ဆယ်ရေးကြိုးပမ်းနေစဉ် တရုတ်နို...

HTY Information 1 month ago

မုံရွာမြို့စစ်ဆေးရေးဂိတ် ဗုံးဖောက်ခွဲမှုတွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးသေ ၃ ဦ...

HTY Information 1 month ago

အာဖဂန်နစ်စတန်သမ္မတတိုင်းပြည်မှထွက်ပြေးသွားပြီးနောက် တာလီဘန်များ မြို့တ...

HTY Information 2 months ago

တရုတ်နှင့် အနောက်နိုင်ငံများကြား တင်းမာမှုမြင့်တက်နေ၍ ဂျာမနီစစ်သင်္ဘော...

HTY Information 2 months ago

လှိုင်သာယာမြို့နယ်မှ PDF ဟုစွပ်စွဲဖမ်းဆီးခံရသော သားဇော်အပါအဝင် (၄)ဦးကိ...

HTY Information 1 week ago