စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးတက်ရောက်ခွင့်မရတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြုလုပ်သော အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ အစည်းအဝေးပွဲရဲ့ ဆုံးဖြတ် ကြေညာ ချက်ကိုကန့်ကွက်တယ်လို့ စစ်ကောင်စီရဲ့နိုင်ငံခြားဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မှာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှ ဩဂုတ်လ ၆ ရက်နေ့အထိ (၅၅) ကြိမ်မြောက် ဝန်ကြီးများအစည်းအဝေးပွဲရဲ့မြန်မာ့အရေးကိစ္စနဲ့ပတ် သက်သည့် စာပိုဒ်အပေါ် လက်ခံနိုင်စရာအကြောင်းမရှိဖူးလို့ ဆိုပါတယ်။
အစည်းအဝေးတွင် အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅)ချက်ကို အကောင်အထည်ဖော်ရာမှာတိုးတက်မှုမရှိကြောင်းနှင့် စစ်ကောင်စီကို အာဆီယံရဲ့မည်သည့် အစည်းအဝေးမှတက်ရောက်ခွင့်မပြုကြောင်း အာဆီယံရဲ့အစည်းအဝေးပွဲက ပူးတွဲကြေညာချက်ကို ကန့်ကွက်တယ်ဟုဆိုပြီး စစ်ကောင်စီရဲ့ နိုင်ငံအပေါ်အမှန်တကယ် ကြိုးပမ်းနေမှုကို မျက်ကွယ်ပြုရာရောက်တယ်လို့လည်း စစ်ကောင်စီဘက်ကဆိုထားပါတယ်။
ဒါပြင်လက်ရှိမြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ EAO တွေနဲ့ဆွေးနွေးပြုလုပ်နေတာကြောင့် NUG / PDF တွေကို ဆက်ဆံ အားပေးကူညီတာတွေမလုပ်ဖို့ စစ်ကောင်စီကကြေညာထားပါသည်။
ဩဂုတ်လ ၆ ရက် ၊ ၂၀၂၂
#စစ်ကောင်စီ
#ကန့်ကွက်ရေးဌာန
#HTY_Information