HTY Information 10 months ago

မြန်မာအိမ်အကူမိန်းကလေးကို သေသည်အထိ ညှင်းပန်းနှိပ်စက်ခဲ့သော စင်္ကာပူအိမ်ရှင်အမျိုးသမီးကို ထောင်ဒဏ်နှစ် ၃၀ ချမှတ်

စင်္ကာပူနိုင်ငံတွင် အိမ်အကူလုပ်ကိုင်နေသော မြန်မာလူမျိုး၊ ချင်းတိုင်ရင်းသူ ပြောင်ငိုင်ဒွန်းသည် စင်္ကာပူလူမျိုး အိမ်ရှင်မိန်းမနှင့်မိခင်တို့၏ ညှင်းပန်းနှိပ်စက်မှုကို (၉) လကြာခံစားခဲ့ရပြီးနောက်၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့တွင် နောက်ဆုံးအကြိမ်နှိပ်စက်ခံရ၍ သေဆုံးခဲ့ပါသည်။ သေဆုံးသူ သားတစ်ယောက်မိခင် ပြောင်ငိုင်ဒွန်းသည် ချင်းပြည်နယ်၊ တီးတိန်မြို့၊ ဒဲမ်ပီရွာဇာတိဖြစ်ပြီး ၂၀၁၅ ခုနှစ် မေ လတွင် စင်္ကာပူနိုင်ငံသို့ ရောက်ရှိ၍ အိမ်အကူအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ စတင်လုပ်ကိုင်ပြီး ၅ လမြောက်မှစ၍ င်္စကာပူနိုင်သား အိမ်ရှင်မိန်းမဖြစ်သူ ဂိုင်ယာသီရိ နှင့် သူမ၏မိခင်တို့ နှစ်ယောက်ပေါင်း၍ နှိပ်စက်ညှင်းပန်းမှုကို ခံခဲ့ရခြင်းဖြစ်သည်။

ဂိုင်ယာသီရိနှင့် သူမ၏မိခင်တို့သည် ပြောင်ငိုင်ဒွန်းအလုပ်လုပ်ကိုင်စဉ်တလျှောက်တွင် အစာရေဆာဝအောင်မကျွေးခြင်း၊ တစ်ညလျှင် ၅ နာရီသာအိပ်စက်ခွင့်ပေးခြင်း၊ အိမ်သာ/ရေချိုးခန်းလွတ်လပ်စွာပေးမသွားခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ လက်ဖြင့်ရိုက်နှက်ခြင်း/ထိုးနှက်ခြင်း၊ တံမြက်စီး/သတ္တုဇွန်းခွက်ကဲ့သို့သော အရာများဖြင့်ရိုက်နှက်ခြင်း၊ ဆံပင်ဆွဲခြင်း စသော အမျိုးမျိုးသော ရုပ်ပိုင်းဆိုင်ရာနှိပ်စက်မှုများအပြင်၊ မီးပူဖြင့်လက်မောင်းကိုကပ်ခြင်းတစ်ကြိမ်၊ မသေဆုံးမှီ ၁၂ ညအလို ညစဉ်ညတိုင်း ပြောင်ငိုင်ဒွန်းအား ပြတင်းပေါက်သံတိုင်တွင် ကြိုးဖြင့်ချီထားခြင်း အစရှိသည့် ရက်စက်သောနည်းလမ်းများဖြင့် ညှင်းပန်းနှိပ်စက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့တွင် ဂိုင်ယာသီရိ နှင့် သူမ၏မိခင်တို့၏ နှိပ်စက်မှုကြောင့် လည်ပင်းရိုးကျိုးခြင်းနှင့် ဦးနှောက်ပျက်ဆီးခြင်းတို့ကို ခံစားခဲ့ရပြီး ပြောင်ငိုင်ဒွန်းသေဆုံးချိန်တွင် သူမ၏ခန္ဓာကိုယ်အလေးချိန်မှာ ၂၄ ကီလို (၅၃) ပေါင် နီးပါးသာ ကျန်ရှိခဲ့သည်။

တရားခံတစ်ဦးဖြစ်သူ အသက် (၄၁) နှစ် အရွယ် ဂိုင်ယာသီရိသည် စင်္ကာပူရဲအရာရှိတစ်ဦး၏ ဇနီးဖြစ်ပြီး၊ လူသတ်မှုကြောင့်ကျခံရမည့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကို ရှောင်လွှဲရန် ကြိုးပမ်းသည့်အနေဖြင့်၊ သူမ၏ ကျန်းမာရေးအခြေအနေများကို ရုံးတော်တို့တင်ပြ၍ ထုချေလွှာတင်ခဲ့သည်။ ဂိုင်ယာသီရိသည် ကိုယ်ဝန်ရှိစဉ်အခါက စိတ်ကျရောဂါရှိခဲ့ခြင်း၊ သူမ၏ကလေး ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေရသဖြင့် စိတ်ပိုင်းဆိုင်ရာ တင်းကျပ်မှုများဖြစ်ပေါ်နေချိန်ဖြစ်ခြင်း၊ ယခုအမှုသည် သူမ၏ပထဆုံးအမှုဖြစ်ပြီး ယခင်က သူတပါးကို နှိပ်စက်ညှင်းပန်းခဲ့ခြင်းမျိုး မရှိခြင်း အစရှိသောအချက်များဖြင့် ထုချေလွှာတင်ခဲ့သည်။

သူမ၏ရှေ့နေမှ အထက်ပါ အချက်များပေါ်ထောက်ရှု၍ ဂိုင်ယာသီရိအား ထောင်ဒဏ်ဆယ်နှစ်သာ ချမှတ်ပေးပါရန် တောင်းဆိုခဲ့သော်လည်း၊ စင်္ကာပူတရားရုံးမှ ထောင်ဒဏ် အနှစ် (၃၀) ချမှတ်ခဲ့ခြင်းဖြစ်သည်။ သူမ၏ခင်ပွန်းဖြစ်သူ ရဲအရာရှိဟောင်းနှင့် အသက် ၆၄ နှစ်အရွယ် မိခင်ဖြစ်သူ တို့သည်လည်း ၎င်းတို့ကို စွဲဆိုထားသောအမှုများကို အသီးသီးရင်ဆိုင်နေကြရဆဲဖြစ်သည်။

စစ်ကောင်စီလက်အောက်ပညာသင်ကြားဖို့ ဆရာ ဆရာမ မလုံလောက်တဲ့အတွက် ပြန်လာကြဖိ...

HTY Information 2 days ago

ကနေဒါတွင် သုံးနှစ်နီးပါး ထိန်းသိမ်းခံရပြီးသည့်နောက် Huawei ဘဏ္ဍာရေးအကြ...

HTY Information 7 months ago

လှိုင်သာယာမြို့နယ်တွင် ရပ်ကွက်အချို့မှစတင်၍ နေအိမ်ရှိ လူစာရင်းများ စတင...

HTY Information 7 months ago

နိုင်ငံသားတိုင်းစစ်မှုထမ်း ဥပဒေကိုပြဌာန်းထားပြီးဖြစ်၍ လိုအပ်ပါက လက်တွေ...

HTY Information 5 months ago

အထောက်အထားမခိုင်လုံပဲ လူပုဂ္ဂိုလ်တစ်ဦးနှင့် အဖွဲ့အစည်းများအား မျက်စီစု...

HTY Information 8 months ago