မုံးကိုးဒေသရှိ MNDAA တပ်မဟာကို စစ်ကောင်စီမှ လက်နက်ကြီး အချက် (၆၀၀) ခန့်ပစ်ခတ်ပြီး၊ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်

ယမန်နေ့ စက်တင်ဘာ (၅) ရက်နေ့က၊ ရှမ်းပြည်မြောက်ပိုင်း၊ မုံးကိုးခရိုင် ၊ဖောင်းဆိုင်ဒေသရှိ မြန်မာနိုင်ငံအမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်မတော်(MNDAA)ကို စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ကြောင်း The Kokang သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ယမန်နေ့ မနက်စော (၅) နာရီခန့်မှစ၍ (၆:၃၀) ထိ ကိုးကန့်ဒေသ၊ ဟဲ့ရှန်နှင့်လုံခမ်ဒေသ တွင်အခြေစိုက်သော အကြမ်းဖက်စစ်ကောင်စီ၏ အမြှောက်တပ်မှ ဖောင်းဆိုင်ဒေသရှိ MNDAA တပ်ကို လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန်ပစ်ခတ် တိုက်ခိုက် ခဲ့ပြီးနောက်၊ စစ်ကောင်စီမှ အင်အား (၂၀၀) ခန့်ဖြင့် စစ်ကြောင်းသုံးကြောင်းခွဲချီတက်ပြီး ရှိကျိကြတောင်တန်းရှိ ကိုးကန့် MNDAAတပ်ကို မနက် (၁၀) နာရီအထိ မြေပြင်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီ၏ ထိုးစစ်ကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာတွင် MNDAAမှ သူရဲကောင်းတစ်ဦးတစ်ဦးကျဆုံးခဲ့ပြီး၊ တစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့၍ စစ်ကောင်စီဘက်မှ ကျဆုံးမှုစာရင်း မသိရသေးကြောင်းလည်း သိရသည်။

စစ်ကောင်စီသည် မြေပြင်မှထိုးစစ်လာစဉ် လက်နက်ကြီးများနှင့်လည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး၊ MNDAA ၏ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီမှ အထိနာသွားကာ ပြန်လည်ဆုတ်ခွါသွားခဲ့ပြီး နှစ်ဦးနှစ်ဘက်မှကြိုးကြား ကြိုးကြားပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု The Kokang မှ ဖော်ပြထားသည်။ ယမန်နေ့ မနက်ပိုင်းမှ နေ့လည် (၂) နာရီထိ စစ်ကောင်စီမှ လက်နက်ကြီးကျည်ဆန် (၆၀၀) ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။ 

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

စက်တင်ဘာ ၆ ရက်၊ ၂၀၂၁

HTY Information 

#ဓာတ်ပုံ_အဟောင်း

#MNDAA

#HTY_Information


စစ်အုပ်ချုပ်ရေးကြေညာချက်ထုတ်ပြန်ထားသော လှိုင်သာယာတွင်နေ့စဉ် ခိုးမှု၊ လ...

HTY Information 2 months ago

UN တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်အဖြ...

HTY Information 2 months ago

ရန်ကုန် ကြည့်မြင်တိုင် ဆင်မလိုက်မှတ်တိုင်အနီး အာဏာရှင်မျိုးဆက်ပိုင်ဆို...

HTY Information 4 weeks ago

သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်လုံခြုံရေးကို ကာကွယ်ပေးဖို့ ခက်ခဲလာတာကြေ...

HTY Information 4 months ago

တိုင်းပြည်ဖျက်စီးပြီး ၂၀၂၂ ဖေဖော်ဝါရီကုန်အထိ အပစ်အခတ်ရပ်စဲသည်ဟု စစ်ကော...

HTY Information 2 months ago