မကွေးတိုင်းအတွင်း မြို့ ၄ ခုမှ စစ်​ကောင်စီ၏ ​နေရာ ၅ ခုကို PDF စတင်တိုက်ခိုက်

မကွေးတိုင်းအတွင်းက မြို့ ၄ မြို့က စစ်ကောင်စီရဲ့လက်အောက်ခံနေရာ ၅ နေရာကို စက်တင်ဘာလ ၇ ရက်နေ့မနက်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီသိရပါတယ်။

ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတဲ့နေရာတွေကတော့ တောင်တွင်းကြီးမြို့က ခမရ ၁၀၃ တပ်ရှေ့ရှိ တပ်လုံခြုံရေးဂိတ်ကင်း၊ နတ်မောက်မြို့က မြန်မာ့စီးပွားရေးဘဏ်က လုံခြုံရေးဂိတ်ကင်း၊ နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး နေအိမ်၊ မြို့သစ်မြို့နယ်က က.ပ.စ (၁၇) ကိုသွယ်တန်းထားတဲ့ 11KV ဓာတ်အားလိုင်းက တိုင် ၂ တိုင်နဲ့ ရေစကြိုမြို့၊ အမှတ် ၇ ရပ်ကွက်က စည်ပင်ဦးစီးမှူးရဲ့နေအိမ် တွေကို လက်ဗစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ခ.မ.ရ (၁၀၃) နဲ့နီးစပ်သူတဦးက ''ဂိတ်ကင်းကိုအထုခံရတာ။ အစောင့်တွေထိတယ်တော့ကြားတယ်။ သေလားရှင်လားဆိုတာတော့ မသိရသးဘူး'' လို့ပြောပါတယ်။

နတ်မောက်မြို့က မြန်မာ့စီးပွားရေးဘဏ်ဂိတ်ကင်းက စစ်သားအစောင့်တွေလည်း ဗုံးစထိမှန်လို့ ထိခိုက်ဒဏ်ရာရရှိသူတွေရှိပြီး ကုလားရှင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး ကတော့ လူမထိဘဲ နေအိမ် အနည်းငယ်ပျက်စီးသွားတယ်လို့ သိရပါတယ်။

''က.ပ.စ ၁၇ ကိုသွားတဲ့ ကွန်ကရစ်ဓါတ်တိုင်ကြီး ၂ တိုင်လဲနေတာတွေ့တယ်။ အန္တရာယ်ရှိမှာကြောက်လို့ အနားတော့ သွားမကြည့်ဘူး'' လို့ ဒေသခံကျေးရွာသားတဦးက ပြောပါတယ်။

ရေစကြိုမြို့က စည်ပင်ဦးစီးမှူးရဲ့ နေအိမ်ပျက်ဆီးမှုတော့မသိရသေးတဲ့အတွက် ဆက်လက်စုံစမ်းနေပါတယ်။

အခုဗုံးခွဲတိုက်ခိုက်မှုတွေကို ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်ကပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာထားပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့တော်လှန်ရေးတိုက်ပွဲခေါ်သံစတင်ကြေငြာတဲ့နေ့မှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဗိဿနိုးကာကွယ်ရေးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

စက်တင်ဘာ ၆ ရက်၊ ၂၀၂၁

HTY Information 


ပြည်ပရောက်မြန်မာနိုင်ငံသားများ ပြည်တွင်းပြန်လာပြီး အေးတူပူအမျှ အတူနေထိ...

HTY Information 2 months ago

🏭လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန်မှ ဝန်ထမ်း၂၀၀၀ ခန့်ရှိ Harvey Ha...

HTY Information 4 months ago

NUG၊ CRPH၊ PDF များအား နေအိမ်တိုက်ခန်းများငှားရမ်းနေထိုင်ခွင့်ပြုသည်ကိ...

HTY Information 2 months ago

မြင်းခြံတွင် ယာဉ်ထိန်းရဲတစ်ဦး သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံး

HTY Information 5 months ago

R2P အစည်းအဝေးတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းအား အစည်းအဝေးခေါ်ယူမှုအပေါ...

HTY Information 2 months ago